30 C
Yangon

ရဲ ၉ ဦးသေဆုံးခဲ့သော ကလေး၀မြို့နယ်၊ မစိန်ကျေးရွာ နယ်မြေရဲကင်းကို ဝင်တိုက်ကြောင်း ကလေး၀ PDF သတင်းထုတ်ပြန်၊ လက်နက် ၈ လက် သိမ်း ဆည်းရမိပြီး ရဲစခန်းကို မီးတင်ရှို့ခဲ့

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၀

ရဲတပ်ဖွဲ့ဝင် ၉ ဦးသေဆုံးစေခဲ့သော စစ်ကိုင်းတိုင်း၊ ကလေး၀မြို့နယ်၊ မစိန်ကျေးရွာ ရဲကင်းကို ဝင်တိုက်မှုသည် ကလေး၀ PDF က ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လက်နက် ၈ လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

People’s Defense Force – Kalewa တပ်ရင်း တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၁၈ ရက် နံနက် ၆ နာရီ ၅ မိနစ်အချိန်တွင် ကလေးဝမြို့နယ် ၊မစိန်ကျေးရွာ နယ်မြေရဲစခန်းအား အလစ်အငိုက် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုတွင် PDF – Kalewa တပ်ဖွဲ့ဝင်များမှ အကြမ်းဖက်စစ်ကောင်စီ၏ နယ်မြေရဲစခန်းအား စီးနင်းသိမ်းပိုက်နိုင်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးခဲ့ကြောင်း၊ သေဆုံးမှုများ ထပ်မံရှိနိုင်ပြီး ရဲအချို့မှာ ထိခိုက်ဒဏ်ရာ ပြင်းထန်စွာဖြင့် ထွက်ပြေးသွားခဲ့ကြကြောင်း၊ PDFတပ်ဖွဲ့ဝင်များဘက်မှ အထိအခိုက် အကျအဆုံး မရှိခဲ့ဘဲ စခန်းအား မီးရှို့ဖျက်ဆီး၍ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲမှ စစ်ကောင်စီအကြမ်းဖက်အဖွဲ့ဝင်များ၏ G3 သေနတ် ၅ လက် ၊Uzi သေနတ် ၂ လက် ၊M79 လောင်ချာ ၁ လက် ၊ လက်ပစ်မိုင်း ၃ လုံး ၊7.62ကျည် 297 တောင့် ၊Uzi ကျည် 149 တောင့် ၊125ဆိုင်ကယ် ၄ စီး ၊ဆက်သွယ်ရေးအထိုင်စက် ၂ လုံး ၊ဆက်သွယ်ရေးစကားပြောစက် ၃ လုံး ၊ဖုန်း ၁၀ လုံး ၊Power bank 1လုံး ၊Laptop 1 လုံး ၊ပိုက်ဆံအိတ် ၂ လုံး ၊ပိုက်ဆံ 13000ကျပ် ၊လက်ထိပ် ၂ ခု ၊ရွှေဆွဲကြိုး ၁ ကုံး ၊ကျောပိုးအိတ် 1 လုံး ၊ဘေးလွယ်အိတ် ၃ လုံး ၊ဓား ၁ ချောင်း ၊Equipment 1 ခုတို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း ဒေသခံအရပ်သားပြည်သူ အမျိုးသမီးတစ်ဦး ထိခိုက်သေဆုံးသွားသည်ဟု ကြားသိရသည့် အတွက်People’s Defense Force – Kalewa တပ်ရင်းမှ အထူးစိတ်မကောင်းဝမ်းနည်းဖြစ်ရပါကြောင်းနှင့် ဖြစ်စဉ်အတွက် ကာယကံရှင်မိသားစုအား လေးလေးနက်နက် တောင်းပန်အပ်ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီဘက်က သေဆုံးသော ရဲ ၉ ဦးအတွက် ကျန်ရစ်မိသားစု တစ်စုလျှင် နစ်နာကြေး ၃ သောင်းပေးအပ်ထား ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article