30 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၀ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၀ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်B y ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၂၀ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ -ရှမ်း-ကရင်နီအစပ် မိုးဗြဲမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ စက်တင် ဘာလ ၁၉ ရက် မနက်အစောပိုင်းက စတင်ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံ ၁၀၀ ဝန်းကျင်ခန့်ကို ဓါးစာခံလုပ် ဖမ်းဆီး ထားတယ်လို့ မိုးဗြဲ PDF က သတင်းထုတ်ပြန်ပါတယ်။ – အကြမ်းဖက်စစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူ ၁ ဦး သေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီမြန်မာသံအမတ် အောင်ကျော်မိုးကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဆင့်ခေါ် သတိပေးပြီး ပြန်အထွက်မှာ မီဒီယာတွေကို ရင်မဆိုင်ရဲလို့ သံအမတ်အောင်ကျော်မိုးထွက်ပြေးနေပုံတွေကို ဘင်္ဂလားဒေ့ရှ် မီဒီယာတွေမှာ အကျယ်တဝင့် သတင်းဖော်ပြကြပါတယ်။ – စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်က ရွှေဒေါင်းမင်းစစ်ဆေးရေးဂိတ်ကို မနေ့ညနေပိုင်းက PDF တပ်တွေက ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၅ ဦးသေသွားတယ်လို့သိရပါတယ်။ – ရန်ကုန်မှာ အကြမ်းဖက်စစ်တပ်ရဲ့ဖမ်းဆီးသတ်ဖြတ်မှုတွေကြားထဲက တော်လှန်ရေးလူငယ်တွေ ဦးဆောင်ကာ ဖက်ဆစ်စစ်တပ် အမြစ်ပြတ်ချေမှုန်းရေး မနေ့ ညပိုင်းက ချီတက် ဆန္ဒပြကြတဲ့သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကိုတင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article