28 C
Yangon

မတူပီမြို့အနီးရှိ စစ်ကောင်စီရှေ့တန်းစခန်းကို CDF ဝင်တိုက်၍ စစ်သား ၆ ဦးသေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၀

ချင်းပြည်နယ်၊ မတူပီမြို့အနီးရှိ အကြမ်းဖက်စစ်တပ်၏ ရှေ့တန်းစခန်းတစ်ခုကို စက်တင်ဘာလ ၁၉ ရက် ယမန်နေ့ ညနေတွင် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ CDF – မတူပီ က ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၆ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရကြောင်း သတင်းရရှိသည်။

အဆိုပါ ရှေ့တန်းစခန်းသည် မတူပီမြို့နှင့် ၂ မိုင်ခန့်အကွာတွင် ရှိပြီး ယမန်နေ့ ညနေ ၅ နာရီတွင် CDF မတူပီက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် CDF ဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

မတူပီမြို့ခံပြည်သူများ အဓိကအသုံးပြုနေသည့် မင်းတပ်-မတူပီ ကားလမ်း၊ မတူပီမြို့အဝင် ဆိုင်းဘုတ်အနီးတွင် အကြမ်းဖက်စစ်တပ်က တပ်စွဲကာ ပိတ်ဆို့မှုများ ပြုလုပ်နေသည့်အတွက် လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း CDF – မတူပီက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article