26 C
Yangon

ရေဦး-ခင်ဦး လမ်းပိုင်းတွင် စစ်တပ် အရာရှိများ လိုက်ပါသော ယာဥ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး အရာရှိများပါ ထိခိုက် သေဆုံးမှုရှိ၊ ရေဦးတွင်လည်း စစ်ကောင်စီ တပ်များ ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၀

စစ်ကိုင်းတိုင်း ရေဦး-ခင်ဦး လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်မှ အရာရှိများ လိုက်ပါလာသော ယာဥ် ၄ စီးပါ ယာဥ်တန်း ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခံရပြီး အရာရှိများပါ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသခံများထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် ယာဥ် ၄ စီးသည် ယနေ့ စက်တင်ဘာလ ၂၀ ရက်နေ့ နံနက် ၃ နာရီခန့်တွင် ရေဦးမှ ခင်ဦးသို့ ထွက်ခွာလာစဥ် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက အင်းပတ်ကွေ့အနီးနှင့် ကံသစ်၊ ခင်ဦး အကြားတွင် ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်တပ် အရာရှိများပါ ထိခိုက်သေဆုံးပြီး ယာဥ် ၄ စီးလုံး ပျက်စီးခဲ့ကြောင်း သိရသည်။

” ဒီနေ့ စက်တင်ဘာ ၂၀ ရက်နေ့ နံနက် ၃ နာရီအချိန်လောက်က ရေဦးကနေ ခိုးကြောင် ခိုးဝှက်ထွက်လာတဲ့ အကောင် ကြီးကြီး လိုက်ပါလာတဲ့ ကား ၄ စီးကို အင်းပတ်ကွေ့အနီးမှာ မိုင်း ၆ လုံးနဲ့ ဒေသခံ ကာကွယ်ရေး အဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်။ ကား ၁ စီးပျက်စီးပြီး ခွေးအများအပြား ထိခိုက်သေဆုံး ဒဏ်ရာရတာတွေရှိတယ်။ ကျန်ကား ၃ စီးက ဆက်မောင်း​သွားပြီး ကံသစ်နဲ့ ခင်ဦး အကြားမှာ ဒေသခံ ကာကွယ်ရေး အဖွဲ့တွေက မိုင်း ၁၂ လုံးနဲ့ ထပ်ပြီး ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ် အကောင်းကြီးကြီးပါ ပြင်းထန်စွာ သေဆုံး ထိခိုက်မှုရှိတယ်လို့ သိရတယ်။ ကား ၄ စီးလုံးလည်း ပျက်စီးသွားပြီး ခင်ဦးထိ မရောက်လိုက်ဘူး” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ် အရာရှိများ လိုက်ပါလာသော ယာဥ် ၄ စီး မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်တပ်က ခင်ဦးမြို့ပေါ်တွင် ပြည်သူများအား အိမ်ပြင်မထွက်လျှင် ပစ်သတ်မည်ဟု လိုက်လံ ခြိမ်းခြောက်ပြောဆိုမှုများ ရှိကြောင်း သိရသည်။

အလားတူ ရေဦးမြို့ ကြာဖူးအဝိုင်းတွင် အုပ်စုဖွဲ့ ထိုင်နေသည့် စစ်ကောင်စီ တပ်ဖွဲ့များကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ခွေးများအား ဒေသကာကွယ်ရေးအဖွဲ့များမှ ဒရုန်းဖြင့် ဗုံးသီး ၁၀ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက် သေဆုံးမှုများရှိကြောင်း ဒေသခံများ ထံမှ သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ဗုံးကျဲ တိုက်ခိုက်ခံရပြီးနောက် ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ၁၅ ချက်ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင့် ရွာသစ်ကျေးရွာမှ အပစ်မဲ့ပြည်သူ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article