25 C
Yangon

ခမရ ၄၀၁ မှ တပ်သား နှစ်ဦး သေနတ် ၁ လက်နှင့်အတူ KNU တပ်မဟာ ၅ ထံ အလင်းဝင်၊ KNU က သိန်း ၂၀ ကျပ် ချီးမြှင့်

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၀

အကြမ်းဖက်စစ်ကောင်စီ၏ ထားဝယ်အခြေစိုက် အမှတ် ၈ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ-၈ လက်အောက်ခံ ခမရ ၄၀၁ မှ တပ်သား ၂ ဦးသည် သေနတ် ၁ လက်၊ ကျည်ဆံ ၁၆ တောင့်နှင့်အတူ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ထံ အလင်းဝင်လာကြောင်း မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။

ခမရ ၄၀၁ မှ တပ်သား သာလှနှင့် တပ်သား ရဲသီဟထွန်းတို့နှစ်ဦးသည် ဩဂုတ်လ ၂၁ ရက်တွင် အလင်းဝင်လာခဲ့ခြင်းဖြစ်ပြီး သေနတ် ယူဆောင်လာသည့် တပ်သား သာလှကို သိန်း ၂၀ ကျပ်၊ တပ်သား ရဲသီဟထွန်းကို ငါးသိန်း ကျပ် KNU က ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီလက်အောက်မှ ရုန်းထွက်ကာ စစ်သားများသည် KNU တပ်မဟာ ၅ ထံ အဆက်မပြတ်အလင်းဝင်ရောက်နေကြောင်း မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article