24.5 C
Yangon

မြိုင်၊ စိုင်ဂေါင်းရွာကို စစ်တပ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၄၀ ကျော် ပြာကျ၊ PDF ရဲဘော် ၁ ဦး ဖမ်းဆီး သတ်ဖြတ်ခံရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၀

မကွေးတိုင်း မြိုင်မြို့နယ် စိုင်ဂေါင်းရွာကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၄၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

အကြမ်းဖက် စစ်တပ်သည် စိုင်ဂေါင်းရွာကို စက်တင်ဘာလ ၁၈ ရက်နှင့် ၁၉ ရက်နေ့တို့တွင် မီးရှို့ဖျက်ဆီး ခဲ့ခြင်းဖြစ်ပြီး ပြည်သူပိုင် နေအိမ် ၄၅ လုံးနှင့် ကြက်ခြံများပါ မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

” စိုင်ဂေါင်းရွာကို စစ်ခွေးတွေက စက်တင်ဘာ ၁၈ ရက်နဲ့ ၁၉ ရက်တွေမှာ မီးရှို့ဖျက်ဆီးပါတယ်။ ပထမရက်က နေအိမ် ၅ လုံးနဲ့ ကြက်ခြံတွေ ပြာကျသွားတယ်။ ဒုတိယ ရက်ကျတော့ နေအိမ် ၄၀ လုံးပြာကျသွားတယ်။ ရွာမှာ အားလုံး နေအိမ်​ ၃၀၀ လောက်ရှိတယ်။ မြောက်ဘက်ခြမ်းကို အဓိကထားရှို့တာ ရွာခံ ပျူစောထီးတွေနဲ့ စစ်ခွေး အင်အား ၁၅၀ ခန့်လောက်ရှိတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

စိုင်းဂေါင်းရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ မဖျက်ဆီးမီ စက်တင်ဘာလ ၁၈ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်နှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ ထိတွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကာကွယ်ရေး တပ်ဖွဲ့များက လက်နက်ကြီး ၆၀ မမ ၊ ၈၀ မမ၊ ၁၂၀ မမ တို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှုများ ရှိသော်လည်း အရေအတွက် အတည် မပြုနိုင်သေးကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်ကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PPDF၊ ရေစကြို၊ မြိုင်၊ ပခုက္ကူ အခြေစိုက် ပကဖ များမှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်စဥ်အတွင်း PDF ရဲဘော် ၁ ဦး ဖမ်းဆီးခံရကာ စစ်တပ်က ပစ်သတ်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article