ရန်ကုန်၊ စက်တင်ဘာ ၂၀
ဂန့်ဂေါမြို့နယ်တွင် ဒေသခံ ပြည်သူများ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၂၀ ရက်နေ့တွင် ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်အဖြစ် ဆက်ခန့်ထားရေး ဆန္ဒပြ တောင်းဆိုခဲ့ကာ PDF ဂန့်ဂေါ တပ်ဖွဲ့ဝင်များမှ ပြည်သူများ လုံခြုံရေးအတွက် လိုက်ပါ ဝန်းရံခဲ့ကြောင်း သိရသည်။