ရန်ကုန်၊ စက်တင်ဘာ ၂၀
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် KIA ၊ PDF ၊ ABSDF တပ်များအကြား ၂ ရက်တိုက် တိုက်ပွဲဖြစ်ပွားရာ စစ်တပ်ဘက်မှ ၈ ဦးသေဆုံးပြီး PDF ၁ ဦးကျဆုံးကြောင်း Indaw Revolution IR က သတင်းထုတ်ပြန် သည်။
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ကသာခရိုင်၊အင်းတော်မြို့နယ် နန်းမကျိုင်းရွာ ချောင်း ဖျားတွင် အင်အား ၇၀ ကျော်ခန့်ပါသော စစ်ကောင်စီတပ်များနှင့် KIA၊PDF ၊ ကျောင်းသားတပ်များ ၁၈ရက်နေ့နေ့လယ်ပိုင်းနှင့် ၁၉ရက်နေ့ မနက်ပိုင်းတွင် ထိတွေ့တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ အနည်း ဆုံး ၈ ဦးခန့် သေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ PDF ရဲ ဘော် တစ်ဦး ကျဆုံးကြောင်း သိရှိရသည်။
စစ်ကောင်စီဘက်မှ သေဆုံးသွားသော အလောင်းများကို ဖြစ်သလို အဝတ်၊ စောင်များဖြင့် ပတ်ကာ မြေကြီးဖြင့် ဖုံးအုပ် ဖြစ်သလို သဂြိုလ်ခဲ့ကြကြောင်း သိရှိရသည်။
ဓာတ်ပုံ- ဖြစ်သလို စောင်နှင့်ပတ်၍ မြေကြီးဖုံးထားခဲ့သော စစ်သားအလောင်း။