30 C
Yangon

စစ်ကောင်စီတပ်၏ ကြိတ်စခန်းကို KNLAတပ် က ၁၇ မိနစ်အတွင်း တိုက်ခိုက်သိမ်းပိုက်ပြီး RPG၊ စိန်ပြောင်း အပါအဝင် လက်နက် ၁၅ လက်နှင့် ကျည်ခဲယမ်းထောင်ချီ ရရှိ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၁

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ ကြိတ်စခန်းကို KNLA က ၁၇ မိနစ်အတွင်း တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်များရရှိကြောင်း KNU က တရားဝင် သတင်းထုတ်ပြန်သည်။

ယမန်နေ့ စက်တင်ဘာ ၂၀ ရက်နေ့ တွင် ကေအဲန်ယူ- ကော့ကရိတ်မြို့နယ် KNLA တပ်ရင်း (၁၈)နှင့် ဒေါနစစ် ကြောင်း-SOG ပူးပေါင်းတပ်ဖွဲ့တို့က စကစ ခြေကုတ်စခန်းဖြစ်သည့် ကြိတ်စခန်းကို ၂ နာရီ ၁၉ မိနစ်အချိန်တွင် သိမ်း ပိုက်နိုင်ခဲ့ကြောင်း၊ မွန်းလွဲ ၂ နာရီ ၀၂ မိနစ်အချိန်တွင် စတင်တိုက်ခိုက်ခဲ့ပြီး မွန်းလွဲ ၂ နာရီ ၁၉ မိနစ်တွင် ခမရ- ၅၅၇ စခန်း ကြိတ်စခန်းတစ်ခုလုံးကို သိမ်း ပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

RPG- ၂ လက် ၊ BA 100 စိန်ပြောင်း-၁ လက်၊ ငါးကြင်းမြီးစက်လက်- ၁ လက်၊ ပြောင်းပို-၁ လက်၊ AK ၁ လက် ၊ MAS စနိုက်ပါ – ၁ လက် ၊ MA4.MAK ပူးတွဲ-၁ လက် ၊ MA1-၂ လက် ၊ MA3-၂ လက် ၊ MA5- ၂ လက် ၊ MG3-၁ လက် သိမ်းဆည်းရမိကြောင်း၊ သိမ်းဆည်းရသော ကျည်များက MA ကျည်ဘောက်- ၁၇ ခု၊ 9MM-44၊ 16 ကျည်ဘောက်- ၄ ခု၊ sinper ကျဥ်ဘောက်-၃ ခု၊ 60MM-၁၂ ခု ၊ 73MM-၁၁ ခု၊ အီနာဂါ-၁၊ 40MM-၁၀ ခု၊ BA109 လက်ပစ်ဗုံး- ၂ ၊ 73ယမ်းတောင့် -၅၊ စက်လက်ကျည်-၂၂၉၊ AKကျည်ဘောက်ဝိုင်း- ၁၊ စကားပြောစက်- ၂ လုံး၊ ဖုန်း-၃ လုံး၊ ကပစ 5.56 ကျည်ဆန် ၂၂၂၃ ခု ၊ စိန်ပြောင်းချိန်သီး- ၁ ၊ MA5 ကျည်- ၂ ခု တို့ သိမ်းဆည်းရကြောင်း သိရှိရသည်။

ထိုစခန်းသိမ်းတိုက်ပွဲတွင် အာဏာသိမ်းစစ်ကောင်စီတပ်သားများ ၇ ဦးသေဆုံး ပြီး ၂ ဦးဒဏ်ရာနှင့် ဖမ်းဆီးရမိခဲ့ကြောင်း၊ ကြိတ်စခန်းကို သြဂုတ်လ ၈ ရက်နေ့ကစပြီး ပိတ်ဆို့ရိက္ခာဖြတ်ပြီး တိုက်ခိုက်ခဲ့ကာ ယမန်နေ့ တွင် စခန်းတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article