27 C
Yangon

မုံရွာတွင် စစ်တပ်သတင်းပေးဟု သတ်မှတ်ခံရသူများ တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး၊ သာကေတတွင် ပစ်ခတ်၍ သေဆုံးသူ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဝင်းဗိုလ် မဘသ အမာခံတစ်ဦးဖြစ်

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၁

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် စစ်တပ်သတင်းပေးဟု သတ်မှတ်ခံထားရသူ များ ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခံနေရပြီး ၅ ဦးသေဆုံးသွားကြောင်း ဒေသခံများက ပြောဆိုသည်။

စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၁၁ နာရီအချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြိုနယ်၊ ကျောက္ကာ(တောင်)ရွာ၊ ရွှေဂူနီ ဘုရားအနီးတွင် အရာတော်မြို့သို သွား မည့် လင်မယား ၂ ဦးစီးနင်းလာသည့်ကာ မိုင်းဆွဲခံရပြီး ၂ ဦးစလုံး ဒဏ် ရာရရှိကြောင်း ၊ မိုင်းထိမှန်သော ကားသည် စစ်သားတချို့ အသုံးပြုခဲ့သော အိမ်စီးကားဖြစ်သည်ဟု ဒေသခံများက ပြောဆိုကြသည်။

အလားတူ စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၇နာရီခွဲကျော်ခန့်တွင် စစ် ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို၊ နန္ဒဝန်ဈေးအတွင်းတွင်တွင် ကွမ်းယာရောင်းချသူ ကျော်ကျော်နှင့် ဇနီး နှင်းအေးခိုင် တို့ နှစ်ဦးသည် စျေးလာဝယ်စဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ၊ အဆိုပါ လင်မယား ၂ ဦးသည် စစ်တပ်အတွက် သ တင်း ပေးဟု သတင်းများ ထွက်ပေါ်ခဲ့ပြီး စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်တချို့က ကွမ်းယာဆိုင်သို့ အမြဲလာလေ့ရှိသည်ဟု ဒေသခံတချို့က ပြောဆိုသည်။

စက်တင်ဘာလ ၂၀ ရက်နေ့ ည ၉ နာရီခန့်က မုံရွာမြို၊ နန္ဒဝန်ရပ်ကွက်မှ ထွန်းထွန်းဝင်း၊ စက်တင်ဘာလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန် မုံရွာမြို၊ စက်မှုဇုံရပ်ကွက်၊ မြိုရှောင်လမ်းတွင် ကျော်ခိုင်ဆိုသူတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း၊ အဆိုပါ အသတ်ခံရသူ ၂ ဦးစလုံးသည် စစ်ကောင်စီသတင်းပေးအဖြစ် သတ်မှတ်ခံထားရသူများဖြစ်ပြီး ၎င်းတို့ကိုယ်တိုင် စစ်တပ်ရုံးစိုက်ရာနေရာများသို့ ဝင်ထွက်သွားလာနေကြသူများဖြစ်သည်ဟု သိရှိရသည်။

အလားတူ ရန်ကုန်၊ သာကေတတွင် ယမန်နေ့ည ၇ နာရီ ၂၀ မိနစ်အချိန် ပစ်သတ်ခံရလိုက်သော ၄/မြောက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဝင်းဗိုလ်သည် စစ်ကောင်စီသတင်းပေး ဖြစ်ရုံမျှမက မဘသနှင့် အမျိုးသားရေး အမာခံတစ်ဦးဖြစ် ကြောင်း ဒေသခံများက ပြောဆိုသည်။

ဝင်းဗိုလ်သည် ယမန်နေ့ပိုင်း ၄/မြောက် အောင်ဇေယျလမ်းဆုံ ရိုးရိုးလေး လက် ဖက်ရည်ဆိုင် တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း ၊ ၎င်းသည် မီး သတ်ဗိုလ်မှ ရပ်ကွက်ဥက္ကဌဖြစ်လာသူဖြစ်ပြီး တော်လှန်ရေး အင်အားစုများ၊ အနီးပတ်ဝန်းကျင်ရှိ UG အဖွဲ့များအား စုံစမ်းကာ စစ်ကောင်စီသို့ သတင်းပေးခြင်း ၊ကိုယ်တိုင် လိုက်လံညွှန်ပြ ဖမ်းဆီးစေခြင်း ဝင်ရောက်စီးနင်းမှုများအား ကူညီပေးခြင်းများ ကို ဦးဆောင်ကာ အင်တိုက်အားတိုက်လုပ်ကိုင်နေသူဖြစ်ပြီး ဖမ်းဆီးပြီးပါကလည်း နှိပ်စက်ခြင်း စစ်မေးခြင်းများကိုပါ လုပ်ဆောင်နေသော စစ်တပ်၏ အားထားရသော အုပ်ချုပ်ရေးမှူးဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ခဲ့သော Soul Takers အဖွဲ့က ပြောသည်။

ဝင်းဗိုလ်၏ အိတ်ထဲ မှ နံပါတ်တုတ်များ၊ ဝေါ်ကီစကားပြောစက်၊ စာရွက်စာ တမ်း များနဲ့ စစ်တပ်သုံး ဖုန်းတစ်လုံးပါ သိမ်းဆည်း ရမိခဲ့ကြောင်း Soul Takers အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ- ယမန်နေ့ညပိုင်း ပစ်ခတ်ခံရသော သေဆုံးသူ အုပ်ချုပ်ရေးမှူး ဝင်းဗိုလ်ထံမှ သိမ်းဆည်းရမိသည့် သက်သေခံကတ်ပြားများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article