27 C
Yangon

ရန်ကုန် ကန်တော်ကြီးတွင် “အာဏာရှင်တွေ သက်ဆိုးရှည်နေသ၍ ဘယ်တော့မှမငြိမ်းချမ်းဘူး” စစ်အာဏာရှင် ဆန့်ကျင်ရေး ပိုစတာချိတ်ဆွဲ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၁

ရန်ကုန် ကန်တော်ကြီးတွင် “အာဏာရှင်တွေ သက်ဆိုးရှည်နေသ၍ ဘယ်တော့မှမငြိမ်းချမ်းဘူး” စစ်အာဏာရှင် ဆန့်ကျင်ရေး ပိုစတာကို ယနေ့ ချိတ်ဆွဲသည်။

ယနေ့ကျရောက်သော ကမ္ဘာ့ငြိမ်းချမ်းရေးနေ့တွင် Yangon Revolution Force – YRF (Soft Strike Community) မှ လူငယ်များက မြန်မာလူထု ကိုယ်စား ရန်ကုန်မြို့ တစ်နေရာတွင် လှုံ့ဆော်ပြသခဲ့ခြင်းဖြစ်သည် ။

ကမ္ဘာ့ငြိမ်းချမ်းရေးနေ့တွင် မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်တပ်မှ နည်းလမ်းမျိုးစုံဖြင့် နေ့စဉ် အကြမ်းဖက်မှုများကျူးလွန်နေသောကြောင့် “ မြန်မာပြည်မှာမူ မငြိမ်းချမ်းနေကြောင်း “ နိုင်ငံအရပ်ရပ်ကို သိစေလိုခြင်းဖြစ်ပြီး “ မြန်မာပြည်သူလူထု တစ်ရပ်လုံးအနေဖြင့်လည်း ငြိမ်းချမ်းမှု စစ်စစ်ရယူရန်အတွက် အာဏာရှင်စနစ်ကို အမြစ်ဖြတ်မှရမည် “ ဖြစ်ကြောင်း အသိပေးစကားဆိုခြင်းဟု သပိတ်မှောက်အဖွဲ့က ထုတ်ပြန်သည်။

လူထုတစ်ရပ်လုံးအနေဖြင့်လည်း “ အာဏာရှင်တွေ သက်ဆိုးရှည်နေသ၍ ၊ ဘယ်တော့မှ မငြိမ်းချမ်းဘူး “ ဆိုသည့်စကားရပ်ကို သတိချပ်ကာ ဖက်ဆစ်အာဏာရှင်စနစ်ကို အဆုံးထိ တော်လှန်တိုက်ထုတ်ကြရန် သပိတ်မှောက်အဖွဲ့က လှုံဆော်ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article