ရန်ကုန်၊ စက်တင်ဘာ ၂၁
အာဏာရှင်စနစ် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ်အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၂၁ ရက်နေ့တွင် “အာဏာရှင်စနစ်ဆိုးကို အမြစ်ဖြတ်ကြမယ်၊ အာဏာရှင်စစ်အုပ်စုရဲ့ ဒုက္ခကို ခံစားကြရတာ ဒို့မျိုးဆက်သာ နောက်ဆုံးဖြစ်စေရမယ်” စာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။