ရန်ကုန်၊ စက်တင်ဘာ ၂၁
ချင်းတွင်းမြစ် အနောက်ဘက်ကမ်း သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၂၁ ရက်နေ့တွင် “Don’t Ignore Myanmar Children” စာတန်းကိုင်ဆောင်ကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
“စက်တင်ဘာလ ၁၆ ရက်နေ့က ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျွေးရွာမှာရှိတဲ့ ဘုန်းတော်ကြီး စာသင်ကျောင်းမှာ ပညာသင်ကြားနေတဲ့ ကလေးသူငယ်တွေကို အကြမ်းဖတ်စစ်တပ်က တိုက်ခိုက်ရေး လေယာဥ်တွေနဲ့ ၁နာရီကျော်ကြာ တရစပ် ပစ်ခတ်ခဲ့ပါတယ်။ ပစ်ခတ်မှုမှည အရွယ်မရောက်သေးတဲ့ မူလတန်းကလေးငယ်တွေ အလယ်တန်းကလေးငယ်များ ကျည်ဆံထိမှန်ပြီး နေရာမှာတွင်
ကျဆုံးခဲ့ကြတယ်။ ယင်းဖြစ်စဥ်နှင့် စပ်လျှင်း၍ ကမ္ဘာ့ ကလေးသူငယ်များ စောင့်ရှောက်ရေး အဖွဲ့အစည်းများ အနေဖြင့် ငြိမ်မနေဘဲ အကြမ်းဖတ်စစ်တပ်ကို
အရေးယူမှုများ ပြုလုပ်ဆောင်ရွက်ပေးဖို့ တောင်းဆိုအပ်ပါတယ်” ဟု သပိတ် စစ်ကြောင်း ဦးဆောင်သူ တစ်ဦးကပြောဆိုသည်။
Photos -AungKhantZaw