30 C
Yangon

ရန်ကုန်တွင် “လက်ယက်ကုန်းက အော်ငိုသံဟာ ရန်ကုန်ရဲ့ ရင်မှာ ပဲ့တင်စေတယ်” ကြွေးကြော်သံဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှား

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၁

ရန်ကုန်တွင် “လက်ယက်ကုန်းက အော်ငိုသံဟာ ရန်ကုန်ရဲ့ ရင်မှာ ပဲ့တင်စေတယ်” ကြွေးကြော်သံဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားကြကြောင်း YRF က ပြောသည်။

စက်တင်ဘာ ၁၆ ရက်နေ့ လက်ယက်ကုန်းရွာရှိ ကလေးငယ်များအား စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်နှင့် ပတ်သတ်၍ ရန်ကုန်လူထုကိုယ်စား Yangon Revolution Force-YRF မှ ယနေ့ စက်တင်ဘာလ ၂၁ ရက်နေ့ ညနေပိုင်းတွင် လှုပ်ရှားမှုတစ်ရပ်ကို ပြုလုပ်ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းရှိ စာသင် ကျောင်းအား PDF များရှိသည်ဟု စွပ်စွဲချက်ဖြင့် ရဟတ်ယာဉ်များဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ကလေးငယ် (၆)ဦး အပါအဝင် အပြစ်မဲ့ပြည်သူ (၁၃) ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။

“ နာလွန်းလို့ မေမေရာ၊ သားသားကို သတ်လိုက်ပါ မေမေရာ “ ဆိုသည့် စစ်ကောင်စီတပ်များ၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာဖြင့် ကြေမွနေသော ကလေးငယ်၏ ငိုကြွေးသံသည် စစ်ကိုင်းတိုင်း၊ လက်ယက်ကုန်းမှာ ဖြစ်သော်လည်း ရန်ကုန်အထိ ပဲ့တင်လာရိုက်ကြောင်း၊ ကလေးငယ်၏ ငိုကြွေးသံကို လျစ်လျူရှူ့နေစိမ့်သော လူတန်းစားတစ်ရပ် “မျက်စိပွင့်၊ နားပွင့်” ဖြစ်စေရန် ရည်ရွယ်၍ လှုပ်ရှားမှု ပြုလုပ်သည်ဟု YRF က ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article