ရန်ကုန်၊ စက်တင်ဘာ ၂၁
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ စီးပွားဘက် လက်နက်ပွဲစား ထွန်းမင်းလတ် အပါအဝင် အပေါင်းအပါ ၄ ဦးကို ထိုင်းအစိုးရက ဖမ်းဆီးထားပြီး အမေရိကန်ဒေါ်လာ ၅ သန်းတန်ဖိုးရှိပိုင်ဆိုင်မှုများ သိမ်းယူ၊ ငွေကြေးခဝါချမှု၊ မူးယစ်ဆေးအမှုများဖြင့် စစ်ဆေးနေကြောင်း ရိုက်တာသတင်းဌာနက သတင်း ဖော်ပြ သည်။
ထွန်းမင်းလတ်ကို ထိုင်းနိုင်ငံသား ၃ ဦးနှင့်အတူ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ တော် တွင် ယခင် အပတ်က ဖမ်းဆီးခဲ့ကြောင်း၊ မူးယစ်ဆေးဝါးအမှု၊ ငွေမည်းခဝါ ချမှုများဖြင့် ဖမ်းဆီးအရေးယူထားကြောင်း ထိုင်းရဲတပ်ဖွဲ့၏ ပြောရေး ဆိုခွင့်ရှိသူ Kissana Phathanacharoen ကပြောသည်။
“အခု ရဲတပ်ဖွဲ့အနေနဲ့ ရမာန်ယူပြီး ထိန်းသိမ်းထားပါတယ်” ဟု ထိုင်းရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ Kissana Phathanacharoen ကပြောဆိုသည်။
ထွန်းမင်းလတ်သည် မင်းအောင်လှိုင်နှင့် သတ္တုတွင်း၊ ဟိုတယ်လုပ်ငန်း၊ စွမ်းအင်လုပ်ငန်းများတွင် ပတ်သက်ဆက်နွယ် စီးပွားရေးလုပ်နေသူလည်းဖြစ်ပြီး ၂၀၁၉ ခုနှစ် ဘန်ကောက် လက်နက်ပြပွဲသို့ မင်းအောင်လှိုင်နှင့်အတူ တက်ရောက်ခဲ့သူလည်းဖြစ်သည်။
လက်ရှိတွင် ထိုင်းရဲတပ်ဖွဲ့၏ ပြောဆိုချက်အရ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ရဲ တပ်ဖွဲ့က သက်သေအထောက်အထားများကို ဆက်လက်စုဆောင်းရန်နှင့် စုံစမ်း စစ်ဆေးမှုများလုပ်ဆောင်ရန် တရားရုံးကို တရားခံ ဖမ်းဆီးချုပ်နှောင်ခွင့် ရမာန်တောင်းခံခဲ့ကြောင်း၊ ဘတ်သန်း ၂၀၀ (ဒေါ်လာ ၅ ဒသမ ၄ သန်း) တန်ဖိုးရှိ ပိုင်ဆိုင်မှုများကိုလည်း ထိုင်းရဲတပ်ဖွဲ့က သိမ်းဆည်းလိုက်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ၂၀၁၉ ဘန်ကောက်လက်နက်ပြပွဲကို မင်းအောင်လှိုင်နှင့်အတူ တက်ရောက်ခဲ့သော ထွန်းမင်းလတ်။