21 C
Yangon

❝Accept NUG and Our Ambassador, Reject Dictator❞ ၊ “ပြည်သူ့အစိုးရနဲ့ ပြည်သူ့သံအမတ်ကို လက်ခံပါ၊ အာဏာရှင်ကို ငြင်းဆန်ပါ””ဆိုသည့် မြိုင်မြို့နယ် ညသပိတ်စစ်ကြောင်း

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၁

မ​ကွေးတိုင်း၊ မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီနှင့် ပြည်သူလူထုပူးပေါင်းကာ ယနေ့ စက်တင်ဘာ ၂၁ ရက်နေ့ ညပိုင်းတွင် ❝Accept NUG and Our Ambassador, Reject Dictator❞ ၊ “ပြည်သူ့အစိုးရနဲ့ ပြည်သူ့သံအမတ်ကို လက်ခံပါ၊ အာဏာရှင်ကို ငြင်းဆန်ပါ”ဆိုသည့် စာသားများပါသည့် ဘန်နာများ ကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံများဖြင့် ဆက်လက်ချီတက်ဆန္ဒဖော်ထုတ်ကြသည်။

NUG သည်သာ မြန်မာနိုင်ငံကို တရားဝင် ကိုယ်စားပြုသည့် ပြည်သူ့အစိုးရဖြစ်ကြောင်း၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းသည်သာ မြန်မာနိုင်ငံကို တရားဝင်ကိုယ်စားပြုသည့် ကုလသမဂ္ဂကိုယ်စားလှယ်တော်ကြီးဖြစ်ကြောင်း၊ အာဏာသိမ်း ဖက်ဆစ်စစ်အုပ်စုသည် အကြမ်းဖက်လူသတ်ကောင်၊ စစ်ရာဇဝတ်ကောင်များသာဖြစ်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

Photo -BEGSC-MYAING

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article