23 C
Yangon

မင်းကင်းတွင် ယနေ့ စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီး စစ်သား ၁၀ ဦးသေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၁

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင် ယနေ့ စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီး စစ်သား ၁၀ ဦး သေဆုံးကြောင်း‌ ဒေသကာကွယ်ရေးတပ်များ၏ ထုတ်ပြန်ချက်များနှင့် ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရသည်။

စက်တင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန် မင်ကင်းမြို့နယ်၊တောင်ယာတောရွာရှိ စစ်ကောင်စီလုံခြုံရေးဂိတ်ကို ဒေသကာကွယ်ရေးတပ်များ ဝင်ရောက်ပစ်ခတ်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး ၅ ဦးဆေးရုံပို့ဆောင်ရကြောင်း၊ PDF များက ချင်းတွင်းမြစ်အတွင်းကနေ မော်တော်ရေယာဉ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“အစက မော်တော်က ချင်းတွင်းမြစ် အထက်ကနေ စုန်ဆင်းလာပြီး အခုလိုပစ်ခတ်သွားတာ။ ရုန်းရင်းဆန်ခတ်အနေထားပဲ။ စစ်ကောင်စီဘက်ကတော့ သေဆုံးတာများတယ်။ လာပစ်တဲ့သူတွေကတော့ ပစ်ပြီးချင်းတွင်းမြစ်အထက်ပိုင်းကို အောင်ပွဲခံသီချင်းတွေဆိုပြီး ပြန်ဆန်တက်မောင်းသွားကြတယ်” ဟု ဒေသခံရွာသားတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်က ဒဏ်ရာရရှိသော စစ်သားများနှင့်သေဆုံးသူများကို ဆိုင်ကယ်ဘေးတွဲ ၂ စီးဖြင့် မင်းကင်းဆေးရုံသို့ အရေးပေါ် ခေါ်ဆောင်သွားကြောင်း ၊ စစ်ကောင်စီတပ်က ပစ်ခတ်သွားသော မော်တော်နောက် လိုက်လံ ပစ်ခတ်သော်လည်း ဒေသကာကွယ်ရေးတပ်များ ထိခိုက်ခြင်းမရှိကြောင်း ချင်းတွင်းနဂါး ၊ မင်းကင်းမြို့က သတင်းထုတ်ပြန်ထားသည်။

အလားတူ စက်တင်ဘာလ ၂၁ ရက်နေ့ မင်းကင်းမြို့နယ် လာပို့ကျေးရွာဘက်မှထွက်လာသော စစ်ကောင်စီတပ်ကို မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၆ ဦး မျက်မြင်သေဆုံးသွားပြီး အများအပြား ဒဏ်ရာရရှိကြောင်း မင်းကင်းနွေဦးတော်လှန်ရေးသတင်းစဉ်က သတင်းဖော်ပြသည်။

ဓာတ်ပုံ- မင်းကင်းတွင် ဒေသကာကွယ်ရေးတပ်များ သိမ်းဆည်းရမိသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လက်နက်နှင့် ကျည်ကာများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article