26 C
Yangon

တန့်ဆည်၊ ခင်ဦး၊ ပခုက္ကူ၊ ရေဦးတို့တွင် စစ်တပ်က ကျေးရွာ ၈ ရွာကို မီးတင်ရှို့ဖျက်ဆီးနေပြီး ပြည်သူများ ထွက်ပြေးနေရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၂

စစ်ကိုင်းတိုင်း တန့်ဆည်၊ ခင်ဦး၊ ပခုက္ကူနှင့် ရေဦးမြို့နယ်တို့ ရှိ ကျေးရွာ ၈ ရွာကို စစ်တပ်က ယနေ့ နံနက်ပိုင်းမီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံ ပြည်သူများ ရွာလုံး ကျွတ် ထွက်ပြေးနေရကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် တန့်ဆည်မြို့နယ် အတွင်းရှိ ဂွေးကုန်း၊ အင်းပတ်၊ အိုးသည်ကုန်း၊ ပေကုန်း၊ နဘက်ငယ် ကျေးရွာတို့ကို စက်တင်ဘာလ ၂၀ ရက်နေ့မှ စတင်ကာ ယနေ့ ၂၂ ရက်နေ့ထိ ဝင်ရောက် စီးနင်းမီးရှို့နေကြောင်း သိရသည်။

စက်တင်ဘာလ ၂၀ ရက်နေ့တွင် ဂွေးကုန်း၊ အင်းပတ်နှင့် အိုးသည်ကုန်း ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ စက်တင်ဘာလ ၂၁ ရက်နေ့တွင် နံနက်ပိုင်းတွင် ဂွေးကုန်း ထပ်မံ မီးရှို့ပြီးနောက် နဘက်ငယ်ရွာကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ စက်တင်ဘာလ ၂၂ ရက်နေ့တွင် ပေကုန်းရွာကို စီးနင်း မီးရှို့လျက်ရှိကြောင်း သိရသည်။

” တန့်ဆည်မှာ စစ်ကြောင်း ၂ ကြောင်းက ရွာတွေကို ပတ်ပြီး ရှို့နေတာ ၃ ရက် ဆက်တိုက်လောက်ရှိပြီ ပျက်စီး ဆုံးရှုံးမှုတွေတော့ အတည်မပြုနိုင်သေးဘူး။ စစ်ခွေး စစ်ကြောင်းတွေက တော်တော် ခြေရှုပ်နေတာ ဒေသခံ တွေလည်း ရွာတွေထဲ ပြန်မဝင်နိုင်သေးဘူး။ ပြေးနေရတယ်။ ဖုန်းလိုင်းတွေပါ ဖြတ်ခံထားရတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

ယနေ့ နံနက် ခင်ဦးမြို့နယ်တွင် သာဂရကျေးရွာ၊ ပခုက္ကူမြို့နယ်တွင် ဂဝံလေးတိုင်ကျေးရွာ၊ ရေဦးမြို့နယ်တွင် ရေဦးကုန်းကျေးရွာတို့ကို စစ်တပ်က မီးရှို့လျက်ရှိကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဓာတ်ပုံ- ယနေ့နံနက်ပိုင်း ကျေးရွာ ၈ ရွာကို စစ်တပ်က မီးရှိုနေ့သည့်မြင်ကွင်းများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article