26 C
Yangon

ဘန်ကောက်လေဆိပ်တွင် ခေတ္တ ထိန်းသိမ်းခံထားရသော မော်ဒယ် အလှမယ် ဟန်လေး UNHCR ၏ ကာကွယ်မှု အပြည့်အ၀ရရှိပြီး မြန်မာပြည် ပြန်ပို့ရန် မရှိဟု ထိုင်းဘက်ကပြော

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၂

ထိုင်းနိုင်ငံ၊ ဘန်ကောက်လေဆိပ်တွင် ခေတ္တ ထိန်းသိမ်းခံထားရသော မော်ဒယ်အလှမယ် ဟန်လေးသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR) နှင့် အဆက်အသွယ်ရရှိပြီဖြစ်ပြီး ထိုင်းအာဏာပိုင်များဘက်ကလည်း မြန်မာပြည်သို့ ပြန်မပို့ရန် ကတိ ကဝတ် ရရှိပြီးဖြစ်ကြောင်း သရုပ် ဆောင် ဟန်လေး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

“မနေ့ညကတော့ ညီမကို လေဆိပ် ထိန်းသိမ်းရေးအဆောင် Detention Center မှာထားတယ်။ ဗီယက်နမ်ကို ပြန်သွားခိုင်းတယ်။ အခုတော့ UNHCR ရဲ့ ကာကွယ်မှုအောက်မှာ အပြည့်အ၀ ရှိနေပါတယ်။ ထိုင်းဘက်က မြန်မာပြည်ကို ပြန်မပို့ပါဘူး ဆိုတဲ့ ကတိကဝတ်ရပါပြီ။ ၁၀၀ ရာခိုင်နှုန်း အာမခံချက်ရှိတယ်။ အခုမနက်မှာက Departure မှာ နေလို့ရတယ်။ လွတ်လွတ်လပ်လပ်သွားလို့ရတယ်။ အခုက အခြားနိုင်ငံတစ်ခုကို သွားရမလား၊ ထိုင်းထဲပဲ ပြန်ဝင်ခွင့်ပေးမလားမသိရသေးဘူး။ အကုန်အဆင်ပြေပါတယ်။ စိတ်ပူနေသူတွေ စိတ်မပူကြပါနဲ့။ အခုထက်ထိလည်း စိတ်ဓာတ် ခိုင်ခိုင်မာမာရှိပါတယ်” ဟု မော်ဒယ်ဟန်လေး က ပြောသည်။

အကြမ်းဖက်စစ်ကောင်စီက မော်ဒယ် အလှမယ်ဟန်လေးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ၁၂၄ ဖြင့် အမှုဖွင့်ထားပြီး မော်ဒယ် အလှမယ် ဟန်လေးသည် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သူလည်းဖြစ် သည်။

“ညီမကို ၁၂၄ နဲ့ အမှုဖွင့်ထားတယ်။ မြန်မာနိုင်ငံပြန်လို့လည်းမရဘူး။ ထိုင်းမှာလည်း ပြစ်မှုကျူးလွန်ထားတာလည်းမရှိဘူး ဆိုတော့ အခုက အဆင်ပြေပါတယ်” ဟု မော်ဒယ် အလှမယ် ဟန်လေးက ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article