22 C
Yangon

ခင်ဦးတွင် စစ်တပ်က ကျေးရွာများကို ဖျက်ဆီးပြီး အဘိုးတစ်ဦးကို ပစ်သတ်၊ ပြည်သူ တစ်သောင်း ကျော် စစ်ဘေးရှောင် ၊ ဆိပ်ဖြူတွင်လည်း စစ်ကြောင်းထိုးနေသဖြင့် ရွာ ၁၅ ရွာမှ ပြည်သူ နှစ်သောင်းခန့် ထွက်ပြေးရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၂

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်တပ်က ကျေးရွာများကို ဖျက်ဆီးပြီး စစ်ကြောင်းထိုးသဖြင့် ပြည်သူ ၁၀,၀၀၀ ကျော် စစ်ဘေးရှောင်နေရကြောင်း‌ ဒေသခံများထံမှ သိရှိရသည်။

ခင်ဦးမြို့နယ်တွင်စစ်ကောင်စီတပ်၏ အမှတ် ၁၃ တန်းမြှင့်လေ့ကျင့်ရေးကျောင်းမှ ဗိုလ်ကြီးအဆင့်ရှိ ဇော်ထက်အောင်ဦးဆောင်ပြီး စစ်ကား၉စီး အင် အား၂၀၀ ကျော်ဖြင့် စက်တင်ဘာ ၂၁ ရက်နေ့ နံနက် ၁နာရီခွဲ အချိန် စစ်ကြောင်းထိုးလာကြောင်း၊ ထိုသို့ စစ်ကြောင်းထိုးလာသဖြင့် မီးနေသည် ပါမကျန် ပြည်သူများအားလုံးထွက်ပြေးနေရ ကြောင်း သိရှိရသည်။

” မီးဖွားထားတဲ့ မိခင်နဲ့ကလေးငယ် လှည်းပေါ်မိုးကာအုပ်ပြီး ထိုင်နေရပါတယ်။ အညာနွေပူပူမှာ မိုးကာအောက်တ ခိုလှုံနေရတဲ့အတွက် ငရဲကျသလို ပူ လောင် တယ်။ ညအချိန်မိုးရွာရင်လည်း နွားလှည်းကိုမိုးကာအုပ်ပြီး ထိုင်နေရပါတယ်”ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

စစ်ဘေးရှောင်များသည် တောထဲတောင်ထဲတွင် သောက်သုံးရေ၊ ဆန် ၊အမိုးအကာများ အခက်အခဲများ ကြုံတွေ့နေရပြီး လူသားချင်းစာနာထောက်ထားမှူအကူညီများ အထူးလိုအပ်နေကြောင်း၊ ခင်ဦးမြို့နယ်အတွင် စစ်ဘေးရှောင်ကျေးရွာများမှာ ၁၀ ရွာထက်မနည်းရှိနေသည့်အတွက် စစ်ဘေးရှောင်ဦးရေ ၁၀,၀၀၀ ကျော်နေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

ထို့ပြင် ခင်ဦးမြို့နယ် သင်ပေါင်းကာကျေးရွာ၊ အညာသီဟ​တောကျေးရွာများကိုလည်း စစ်တပ်က ဖျက် ဆီးပြီး ပြည်သူများ၏ ဥစ္စာများကို လုယူ သွားကြောင်း၊ ယမန်နေ့က သာဂရကျေးရွာမှ ဦးဌေးမောင် အသက် ၇၀ နှစ်ကို စစ်တပ်က ပစ်သတ်ပြီး ရွာဦးကျောင်း သောက်သုံးရေကန်အတွင်းပစ်ချထားခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် ဝါဇီစက်ရုံနှင့် ကပစ ၂၂ လက်နက်စက်ရုံ နှစ်အခုအကြားရှိ ကျေးရွာ များဖြစ်ကြသည့် သံပရာပင်၊ ရှားလောက်၊ အနောက်ကမ်းဖြူ၊ ဘဲကျ ၊ ကျားဘေ၊ ကျားကွဲ၊ ညောင်ကိုးဝကျေးရွာများ၊ ယောချောင်း တစ်ဖက်ကမ်း ပခုက္ကူမြို့နယ် တန့်ကြည့်တောင် ဘုရား အနောက်ဘက်မှ စညောင်း၊ ဒဲ့ပြား၊ ဥယျဥ်စု၊ အရှေ့ကမ်းဖြူ၊ တောင်ပလူ၊ ရှားဒူးရွာများ စုစုပေါင်းကျေးရွာ ၁၅ ရွာကို စစ်ကြောင်းထိုးနေသဖြင့် ပြည်သူ ၂ သောင်းခန့် ရွာလုံးကျွတ် နီးစပ်ရာ တောတောင်ထဲ ထွက်ပြေးနေရကြောင်း‌ ဒေသခံများက ပြောဆိုသည်။

“အနောက်ကမ်းဖြူရွာမှ တောထဲ စစ်ရှောင် နေတဲ့ ပြည်သူများကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ အခု ကျားကွဲ ရွာ ဘက်ကို ဦးတည် နေပါတယ်။ စစ်ကြောင်းက ကားလမ်းက နေ မသွားဘဲ တောနင်းသွားပါတယ်”ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article