26 C
Yangon

Breaking News- ရွှေကူမြို့နယ်၊ မိုးစစ်နှင့်ရေလဲကျေးရွာကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် ၂ တန်းကျောင်းသား မောင်ဇွဲနိုင်မိုး ကျည်ထိမှန် ပွဲချင်းပြီး သေဆုံး၊ ပြည်သူအများအပြား ဒဏ်ရာရပြီး ထွက်ပြေးကြရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၂

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ မိုးစစ်ကျေးရွာနှင့်ရေလဲကျေးရွာကို ယနေ့ ညနေပိုင်းတွင် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် ၂ တန်းကျောင်းသား မောင်ဇွဲနိုင်မိုး ကျည်ထိမှန် ပွဲချင်းပြီး သေဆုံးသွားကြောင်း ဒေသ ခံများထံမှ သိရှိရသည်။

စက်တင်ဘာ ၂၂ ရက်နေ့ ညနေ ၃ နာရီမှစတင်၍ ရွှေကူမြို့ပေါ် ရွှေပေါ်ကျွန်းဘုရားစေတီပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ် အင်အား ၁၀၀ ဝန်းကျင်က လက်နက်ကြီးများဖြင့် ရွှေကူတစ်ဖက်ကမ်းရှိ ကျေးရွာများသို့ လက်နက် ကြီးများ ပစ်ခတ်လျက်ရှိကြောင်း၊ ထိုသို့ ပစ်ခတ်မှုကြောင့် မိုးစစ်ကျေးရွာနှင့် မိုးလဲကျေးရွာမှ ပြည်သူများ ထိခိုက်ခဲ့ပြီး မိုးစစ်ကျေးရွာမှ ၂ တန်းကျောင်းသား မောင်ဇွဲနိုင်မိုး လက်နက်ကြီးထိမှန် ပွဲချင်းပြီး သေဆုံးကြောင်း သိရှိရသည်။

“ရွှေပေါ်ကျွန်းဘုရားမှာ စစ်တပ်က တပ်စွဲပြီးတော့ ရွာဘက်တွေကို လက် နက်ကြီးတွေနဲပစ်တာပါ။ ၂တန်းကျောင်း သား မောင်ဇွဲနိုင်မိုးကတော့ ပွဲချင်းပြီး ဆုံးပါတယ်။ ကလေးကတော့ပွဲချင်းပြီးပဲ။ လောလောဆယ် ပြည်သူတွေ အများပြားဒဏ်ရာ ရရှိထားပါတယ်။ မိုးစစ်ကျေးရွာနဲ့ ရေလဲကျေးရွာကို အဓိကထားပြီး စစ်တပ်က လက်နက်ကြီးနဲ့ ထုနေတာပါ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

မိုးစစ်ကျေးရွာနှင့်ရေလဲကျေးရွာမှ ဒဏ်ရာရသူများနှင့် အရပ်သားများမှာ ရွှေကူတစ်ဖက်သို့ အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် အသက်လုပြေးလွှားနေကြရပြီး စစ်တပ်ကလည်း ဆက်တိုက်ဆိုသလိုပင် လက်နက်ကြီးများဖြင့် ပစ်ခတ်နေဆဲဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရွှေကူမြို့နယ်၊ မိုးစစ်ကျေးရွာမှ ၂ တန်းကျောင်းသား မောင်ဇွဲနိုင်မိုး ယနေ့ညနေပိုင်းတွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးထိမှန်သေဆုံး သွားသည်ကို ဖခင်ဖြစ်သူက ပွေ့ပိုက်ငိုကြွေးနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article