23 C
Yangon

မြိုင်တွင် “ကလေးပါမကျန် သတ်တဲ့ဖက်ဆစ်တပ် ပြည်သူ့အား နဲ့အမြစ်ဖြတ်” နိုင်ရေး ချီတက် သပိတ်မှောက်

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၂

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် “ကလေးပါ မကျန်သတ်တဲ့ ဖက်ဆစ်တပ် ပြည်သူ့အားနဲ့ အမြစ်ဖြတ်” နိုင်ရေး ယနေ့ ညနေပိုင်းတွင် ပြည်သူများက ချီတက် သပိတ်မှောက်ကြသည်။

မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီ ၊ ဗကသရဲဘော်များ ၊ ဗမာနိုင်ငံလုံးဆိုင်ရာလူငယ်ကဗျာဆရာများသမဂ္ဂ(ဗလကသ)နှင့်ပြည်သူလူထုပူးပေါင်းကာ ယနေ့ စက်တင်ဘာလ(၂၂)ရက်နေ့တွင် ကလေးပါမကျန်သတ်တဲ့ဖက်ဆစ်တပ်ပြည်သူအားနဲ့အမြစ်ဖြတ်´´ ၊FASCIST MILITARY IS KILLING EVEN OUR CHILDREN´´ ၊ “အထွေထွေအကျပ်အတည်းဖြေရှင်းရေးမှသည် စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးဆီသို့´´ စာသားပါဘန်နာများကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းဖြင့် ချီတက်ဆန္ဒဖော်ထုတ်ကြသည်။

“စာသင်ကျောင်းများကိုပင် ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ကာ စစ်ရာဇဝတ်မှုပေါင်းများစွာကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေသော အကြမ်းဖက်စစ်အုပ်စုအား အမြစ်ပြတ်ချေမှုန်းရန်မှတပါး အခြားမရှိတော့ပေ။ပြိုင်တူစုရုံးပြီး လူထုအားနဲ့ဖြတ်မှပြတ်မယ့်ပွဲမှာ လူထုတစ်ရပ်လုံးတာဝန် သိစိတ်အပြည့်နဲ့ ပူးပေါင်းပါဝင်ကြပါ။အဓမ္မဝါဒီဖြစ်သော အကြမ်းဖက်စစ်အုပ်စု ၊ အာဏာရှင်စနစ်ဆိုးနဲ့ စစ်အုပ်စုဒေါက်တိုင်မှန်သမျှကို အမြစ်ပြတ်ချေမှုန်းပြီး စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ အတူချီတက်ကြပါစို့” ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ဟောပြောသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article