ရန်ကုန်၊ စက်တင်ဘာ ၂၃
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီUNHCR ၏ လက်အောက်တွင် ကာကွယ်မှု အပြည့်အ၀ ရှိနေသည့် မော်ဒယ်အလှမယ် ဟန်လေးကို ထိုင်းနိုင်ငံ၊ဘန် ကောက် လေဆိပ်တွင် အကြမ်းဖက်စစ်ကောင်စီရဲတပ်ဖွဲ့ဝင်များက လာရောက် ရှာဖွေပြီး တွေ့ဆုံရန် ကြိုးစားလျက်ရှိကြောင်း မော်ဒယ်အလှမယ် ဟန်လေးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
“သူတို့က Airport မှာရောက်နေပြီလို့ ညီမကိုသတင်းပို့လာတယ်။ သူတို့က ညီမကို Detention စင်တာ မှာ ထင်လို့ ရဲတွေနဲ့ ရောက်လာပြီး သွားကြည့်တယ်လို့ ပြောတယ်။ ညီမ မရှိတော့ ညီမဘယ်မှာလဲဆိုပြီးတော့ ညီမစီးခဲ့တဲ့ ဗီယက်နမ် အဲလိုင်းကိုသွားမေးတယ်။ ညီမ ဘယ်မှာလဲဆိုပြီးတော့ ။ ညီမဆီ လာတွေ့ဖို့အတွက် သူတို့ Request လုပ်နေတယ်လို့ပြောတယ်။ ညီမက UNHCR ဆီ အကြောင်းကြားထားပြီးပါပြီ။ ညီမက သွားတွေ့စရာလည်းအကြောင်း မရှိဘူး။ ညီမလည်း မတွေ့ဘူးလို့ ပြောထားပြီးပြီ။ အခုက Emergency ဖြစ်နေလို့ပါ။ အများကြီးတော့ မပြောချင်တော့ဘူး” ဟု မော်ဒယ်အလှမယ် ဟန်လေးက ပြောဆိုသည်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်လေဆိပ်တွင် ယမန်နေ့ညပိုင်း ခေတ္တ ထိန်းသိမ်းခံခဲ့ရသော်လည်း လက်ရှိတွင် စစ်အာ ဏာရှင် တော်လှန်သူ မော်ဒယ်အလှမယ် ဟန်လေးသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR) ၏ လက်အောက်တွင် အပြည့်အ၀ ရောက်ရှိနေပြီဖြစ်ကြောင်း၊ ထိုင်းအာဏာပိုင်များဘက်ကလည်း မြန်မာပြည်သို့ ပြန်မပို့ရန် ကတိ ကဝတ် ရရှိပြီးဖြစ်ပြီး ထိုင်းနိုင်ငံလေဆိပ်ထဲတွင် ယာယီနေထိုင်ခွင့်ရရှိထားပြီဖြစ်ကြောင်း သရုပ် ဆောင် ဟန်လေး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုခဲ့သည်။
အကြမ်းဖက်စစ်ကောင်စီက မော်ဒယ် အလှမယ် ဟန်လေးကို နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၁၂၄ ဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးရန်ကြိုးစားနေခြင်းဖြစ်သည်။
