ရန်ကုန်၊ စက်တင်ဘာ ၂၃
ကရင်နီပြည်နယ်နှင့်ရှမ်းပြည်နယ်အစပ် မိုးဗြဲတွင် စစ်ကောင်စီတပ်အချင်းချင်း လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ကြသဖြင့် သေဆုံးထိခိုက်မှုများရှိကြောင်း မိုးဗြဲ PDF က သတင်းထုတ်ပြန်သည်။
လွိုင်ကော် အမြှောက်တပ်မှ ပစ်ခတ်လိုက်သော ၁၂၀ မမ ၂ လုံးသည် မိုးဗြဲ စက်တော်ရာတေင်ပေါ်တွင် တပ်စွဲထားသော စစ်တပ်နေရာသို့ တည့်တည့်မတ်မတ်ကျရောက်ပြီး စစ်သားများ ထိခိုက်ကျဆုံးမှုများကြောင်း သိရှိရသည်။
မိုးဗြဲတွင် စက်တင်ဘာလ ၁၉ ရက်နေ့မှ စစ်တပ်က ထိုးစစ်ဆင်လာကြောင်း၊ စက်တင်ဘာလ ၂၂ ရက်နေ့ က မဟာမိတ်တပ်ပေါင်းစုများနှင့် စစ်ကောင်စီတပ်တို တိုက်ပွဲပြင်းထန် ခဲ့ကြောင်း၊ မိုးဗြဲ PDF က ဆိုသည်။
မဟာမိတ်ပူးပေါင်းတပ်ဖွဲ့၏ စနိုက်ပါဖြင့် ပစ်ခတ်မှုကြောင့် စစ်ကောင်စီ တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့လကြောင်း ၊ မဟာမိတ်တပ်ပေါင်းစုများဖြစ်ကြသည့် MBPDF 1001 ၊MBPDF 1007၊ဖယ်ခုံ PDF B-01၊လွိင်ကော် PDF ၊အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ၊ DMO 1101 တပ်ရင်း၊နေပြည်တော် PDF ၊ KNDF ၊ KA ၊ KGZ နှင့် URA တို့က စစ်ကောင်စီတပ်များကို ပူးပေါင်းခုခံတိုက်ခိုက်နေကြောင်း သတင်းထုတ်ပြန်ထားသည်။
လက်ရှိအချိန်တွင် စစ်ရေးတင်းမာနေသဖြင့် ပြည်သူများအနေဖြင့် မိုးဗြဲ မြို့ကို ဖြတ်သန်းသွားလာခြင်းမပြုလုပ်ကြရန် တိုက်တွန်းထားသည်။
ဓာတ်ပုံ- မိုးဗြဲတွင် စစ်ကောင်စီတပ်များကို ခုခံတိုက်နေကြသော မဟာမိတ်တပ်ပေါင်းစုမှ လွိုင်ကော် PDF တပ်ဖွဲ့ဝင်များ။
