ရန်ကုန်၊ စက်တင်ဘာ ၂၃
အာဏာရှင်စနစ် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ်အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၂၃ ရက်နေ့တွင် “စစ်တပ်ကျေးဇူး ပြည်သူဟာ မူးလို့ရှူစရာမရှိပေမဲ့ စစ်တပ်ရဲ့ ပြည်သူပေါ် ရက်စက်ကြမ်းကြုတ်မှုက ဒုနဲ့ဒေး
ဒါကြောင့် တော်လှန်မလား ကျွန်ခံမလား စဥ်းစား။” စာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။