ရန်ကုန်၊ စက်တင်ဘာ ၂၃
အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO/PNLA ရဲဘော်ငါးဦးကို သတ်ဖြတ်ခဲ့ပြီး အလောင်းပြန်မပေးသဖြင့် ရက်လည်ဈာပနအခမ်းအနားကို ဓါတ်ပုံများဖြင့်သာ ပြုလုပ်ခဲ့ရကြောင်း သတင်းရရှိသည်။
PNLO တပ်ဖွဲ့ဝင်ငါးဦး၏ ရက်လည်ဈာပနကို စက်တင်ဘာလ ၂၃ ရက် ယနေ့တွင် PNLO ဌာနချုပ်၌ ကျင်းပခဲ့ပြီး မိသားစုဝင်များနှင့် PNLO တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
စက်တင်ဘာလ ၁၄ ရက် မွန်းလွဲပိုင်းတွင် ပင်လောင်းမြို့နယ်၊ ဝါးပြုံးကျေးရွာ၌ PNLO ၏ ဒုတပ်စုမှူး ခွန်ထွန်းဦး၊ ဒုတပ်စိပ်မှူး ခွန်ရှိန်၊ တပ်သား ခွန်သန်းဖေ၊ တပ်သား ခွန်ကြယ်စင်နှင့် တပ်သား ခွန်ရဲနောင်တို့ကို PDF များဟု စွပ်စွဲပြီး PNO အဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ပအိုဝ်းသတင်းရင်းမြစ်များကပြော ဆိုသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး စက်တင်ဘာလ ၁၉ ရက်နေ့တွင် တောင်ကြီးမြို့၌ နှစ်ဖက်အဖွဲ့မှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးကြကြောင်း သတင်းရရှိသည်။