ရန်ကုန်၊ စက်တင်ဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခရိုင် ၊ ကနီမြို့နယ်တွင်ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစု နှင့် တော်လှန်ပြည်သူများဦးဆောင်၍ ကျေးရွာ (၁၆)ရွာ စုပေါင်းကာ အင်အားအများအပြားဖြင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း သပိတ်ကို ယနေ့(စက်တင်ဘာ ၂၄) နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
သပိတ်တွင် သပိတ်ဦးဆောင်သူများမှ စစ်အာဏာရှင်ဆန့်ကျင်ရေးတရားများ ဟောပြောကြပြီး သွေးသစ္စာသီချင်းကိုသီဆိုခြင်း ၊ NUGအစိုးရနှင့် ကုလမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအား ထောက်ခံ
ကြောင်း ကြွေးကြော်ခြင်း ၊ ခေတ်အဆက်ဆက် နှင့်မြန်မာ့နွေဦးတော်လှန်ရေးတွင် ကျဆုံးကြွေလွင့်သွားသော ရဟန်း ရှင် လူ ကျောင်းသားပြည်သူအပေါင်း အလေးပြု လွမ်းဆွတ် ဦးညွတ်ခြင်းများ ပြုလုပ်
ကြသည်။
ကနီသပိတ်ကော်မတီဝင် မြန်မာအကပညာရှင် တစ်ဦး နှင့် အက အဖွဲ့များက သွေးစည်းညီညွတ်ရေးတေးသီးချင်း အကများဖြင့် ကြွရောက်လာကြသော ပြည်သူများကို ကပြစည်းရုံး လှုံ့ဆော်ကြသည်။