32 C
Yangon

ကျောက်ကြီး၊ နှောတောရွာ စာသင်ကျောင်းတွင် တပ်စွဲထားသော စစ်တပ်နှင့် KNLA ပူးပေါင်းအဖွဲ့ တိုက်ပွဲဖြစ်ပြီး စစ်သား ၂ ဦး သေဆုံး၊ သံတောင်တိုက်ပွဲများတွင် စစ်ဗိုလ် ၁ ဦး အပါအဝင် ၂၀ ဦးထက်မနည်း သေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၅

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နှောတောကျေးရွာ စာသင်ကျောင်းတွင် တပ်စွဲထားသော အကြမ်းဖက်စစ်တပ်နှင့် KNLA ပူးပေါင်းအဖွဲ့ကြား စက်တင်ဘာလ ၂၅ ရက် ယနေ့ နံနက် ၇ နာရီတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၂ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရသူများရှိကြောင်း တောင်ငူခရိုင် တပ်ရင်း ၃၅၀၂၊ အထူးစစ်ကြောင်းတပ်ခွဲက သတင်းထုတ်ပြန်သည်။

KNLA၊ ပြောက်ကျားတပ်ဖွဲ့နှင့် တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၂၊ အထူးစစ်ကြောင်းတပ်ခွဲတို့ ပူးပေါင်းပြီး နှောတောကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကာ KNLA ပူးပေါင်းအဖွဲ့မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဒေသသည် ကရင်အမျိုးသားအစည်းအရုံး၊ KNU တပ်မဟာ ၂၊ တောင်ငူ ခရိုင် ထိန်းချုပ်နယ်မြေအတွင်း တည်ရှိသည်။

ကရင်ပြည်နယ်၊ သံတောင်မြို့နယ် KNU တပ်မဟာ ၂ နယ်မြေအတွင်း လှုပ်ရှားနေသော သံတောင်မြောက်ပိုင်းအထူးဒေသတပ်ဖွဲ့ NTDF နှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား ဇူလိုင်လ ၁၉ ရက်နေ့မှ ဩဂုတ်လကုန်ပိုင်းအထိ ဖြစ်ပွားသော တိုက်ပွဲများတွင် စစ်တပ်ဘက်မှ ၂၀ ကျော်သေဆုံးခဲ့ပြီး ဒဏ်ရာရှိသူများပြားကြောင်း ၊ ဩဂုတ်လ ၂၆ ရက် တစ်ရက်အတွင်း တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ဗိုလ်အဆင့်တစ်ဦး အပါအဝင် ၈ ဦးထက်မနည်းသေဆုံးကြောင်း သိရှိရသည်။

“မင်းလမ်းအုပ်စု၊ ဘောဓိကုန်းနဲ့ ရွာသစ်ကုန်း ကြားမှာ တစ်ပွဲဖြစ်တယ်။ ညနေပိုင်းမှာ သံမီးတိုက်အုပ်စု၊ သာစည်ကျေးရွာရဲ့ အထက် ဘုံတောင်ရွာကို သွားတဲ့လမ်းမှာ တစ်ပွဲဖြစ်တယ်။ မိုင်းခွဲပြီးတော့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဗိုလ်တစ်ဦး အပါအဝင် အနည်းဆုံး ၈ ဦး သေတယ်။ ဇူလိုင်လနဲ့ ဩဂုတ်လအထိ စစ်တပ်ဘက်က အနည်းဆုံး ၂၀ ကျော်ကို သုတ်သင်နိုင်ခဲ့ပါတယ်” ဟု NTDF တပ်ဖွဲ့ဝင် ဗိုလ်မုတ်ဆိတ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

ဓါတ်ပုံ -တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃၅၀၂၊ အထူးစစ်ကြောင်းတပ်ခွဲ တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article