ရန်ကုန်၊ စက်တင်ဘာ ၂၅
ယင်းမာပင် ရွာပေါင်းစုံလူထုသပိတ်စစ်ကြောင်းနှင့် ရွှေရေကြည် သပိတ်စစ်ကြောင်းတို့ ယနေ့ ညနေပိုင်းစစ်အာဏာရှင် ဖြုတ်ချရေး ပူးပေါင်းချီတက်ကြသည်။
“အာဏာရှင်ရဲ့ယန္တရားကိုဖြိုဖျက်ကြ။ လူထုအားဖြင့် အောင်ပွဲဆီချီတက်ကြ။ဆက်လက်ပြီး အခက်အခဲ
အကြပ်အတည်းတွေကြုံနေရပါလိမ့်မယ်။ဒါဟာ တော်လှန်ရေးတခုရဲ့ သဘောသဘာဝပဲ။ဘယ်တုန်း ကမှ လူလိုသူလို မနေရတဲ့နိုင်ငံမှာလူလိုသူလို နေနိုင်ဖို့ တော်လှန်ဖို့ပါပဲ” ဟု သပိတ်ဦးဆောင်သူက ဟောပြောသည်။