ရန်ကုန်၊ စက်တင်ဘာ ၂၅
မန္တလေး သံဃာသမဂ္ဂ နှင့် မန္တလေးသပိတ်အင်အားစုက ရွှေဝါရောင်တော်လှန်ရေး ၁၅ နှစ်ပြည့်နေ့အထိမ်းမှတ်အဖြစ် ညသပိတ်စစ်ကြောင်း ယနေ့ညပိုင်း ချီတက်ဆန္ဒပြကြသည်။
“ရွှေဝါရောင်စိတ်ဓာတ်ပဲ့တင်ထပ် စစ်အာဏာ ရှင်အမြစ်ဖြတ်”ရေးအတွက် ၂၀၀၇ ခုနှစ် စက်တင် ဘာလအတွင်း ပြည်သူလူထု၏ အထွေထွေအခက်အခဲများအတွက် ငြိမ်းချမ်း စွာ မေတ္တာပို့ စီတန်းလှည့်လည်ကြတဲ့ ရဟန်းသံဃာ တွေကို နအဖ စစ်အစိုးရက အကြမ်းဖက် သတ် ဖြတ်ခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးနေ့(၁၅)နှစ် ပြည့် ခဲ့ ပြီဖြစ်သည်။