ရန်ကုန်၊ စက်တင်ဘာ ၂၆
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ဗဟိုနိုင်ငံရေးအကျော် ကျိုက်ကလဲ့အနား ယမန်နေ့ညပိုင်း ကားတိုက်မှုတွင် စစ်သား ၃ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့ရာတွင် Hiject ယာဉ်မောင်းမှာ ဒုအရာခံဗိုလ် သိန်းသန်းမင်းဖြစ်ကာ မင်္ဂလာဒုံ တစတ ၁ ၊ တပ်ထောက်၊ အမှတ် ၁ ယာဉ်သိုလှောင်ရေးတပ်ရင်းမှဖြစ်ကြောင်း သိရှိရသည်။
ကားပေါ်မှ ရရှိသော စာရွက်စာတမ်းများနှင့်ယာဉ်မောင်းလိုင်စင်အရ ကားမောင်းသူသည် ဒုအရာခံဗိုလ် သိန်းသန်းမင်းသည် တစတ ၁ ၊ အမှတ် ၃ ဂိတ်၊ အမှတ် ၁ ယာဉ်သိုလှောင်ရေးတပ်ရင်းမှ ဟု သိရှိရကြောင်း၊ ကျောင်းလုံခြုံရေးအတွက် စကားပြောစက်ကိုလည်း စက်တင်ဘာလ ၂ ရက်နေ့တွင် ထုတ်ယူခဲ့သော ပြေစာကိုလည်း တွေ့ရှိရ ကြောင်း ဒေသခံတချို့ထံမှ သိရှိသည်။
စက်တင်ဘာလ ၂၅ ရက်နေ့ ည ၁၀ နာရီဝန်းကျင်အချိန် Hiject ကားနှင့် အိမ်စီးကားတစ်စီးတို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့ကြပြီး ယင်းယာဉ်တိုက်မှုတွင် စစ် သား ၃ ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရရှိကြောင်း၊ ဒဏ်ရာရရှိသူများမှာလည်း စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များဖြစ်ကြောင်း သိရှိရသည်။
မရမ်းကုန်းမြို့နယ်ရှိ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေး မြန်းရာ မင်္ဂလာဒုံ ယာဉ်တိုက်မှုတွင် ၃ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိကြောင်း ၊ သို့ရာတွင် သေဆုံးသူနှင့်ဒဏ်ရာရရှိသူများသည် တပ်နှင့်ရဲတပ်ဖွဲ့ဝင်များဖြစ်သည်ကိုမူ မှတ်ချက်မပေးဘဲ မင်္ဂလာဒုံရဲတပ်ဖွဲ့ကိုသာ ဆက်သွယ်မေးမြန်းရန် ပြောဆိုသည်။
မင်္ဂလာဒုံမှ ပရဟိတအသင်းတစ်ခုကမူ သေဆုံးသူ ၃ ဦးသည် စစ်သား များဖြစ် ကြောင်း အတည်ပြုပြီး ဒဏ်ရာရရှိသူများနှင့်ပတ်သက်၍ စိစစ်ဆဲဖြစ် သည်ဟုဆိုသည်။
လတ်တလော ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိသူ ၆ ဦးသည် စစ်သားများ (သို့မဟုတ်) ရဲတပ်ဖွဲ့ဝင်များ ဆိုသည်ကို အတည်မပြုနိုင်သေးသော်လည်း စစ်ကောင်စီလက်အောက်ခံ လက် နက်ကိုင်တပ်ဖွဲ့ဝင်များဖြစ်ကြောင်း အတည် ပြုထားနိုင်ပြီဖြစ်သည်။