ရန်ကုန်၊ စက်တင်ဘာ ၂၆
ကချင်ပြည်နယ် ဖားကန့်မြို့တွင် စက်တင်ဘာလ ၂၆ရက်နေ့က နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားသော ဖားကန့်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်သားများ(PDF) ၊မြန်မာတနိုင်ငံလုံး တွင် ကျဆုံးသွား သော PDF ရဲဘော်များနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ များမှ ရဲဘော်များအတွက် ဝမ်းနည်းခြင်းသပိတ်၊ KIA PDF NUG ထောက်ခံပွဲ၊ အကြမ်းဖက် စစ်ကောင်စီ အမြစ်ပြတ် ချေမှုန်းရေး သပိတ် ပြုလုပ်ခဲ့ကြသည်။
ဆန္ဒပြ ပြည်သူများက အာဇာနည်မျိုးသေရိုးမရှိ၊ ကျဆုံးသွားသော အာဇာနည်များ ကောင်းရာသုဂတိလားပါစေ၊ KIA PDF တိုက်ပွဲတိုင်းမှာနိုင်ပါစေ ၊ NUG အစိုးရ ဒို့အစိုးရ ၊ လူသတ် အကြမ်းဖက် စစ်ကောင်စီ လုံးဝ အုပ်ချုပ်ခွင့် မရစေရ၊ အင်တာနက်ဖြတ်တဲ့မင်း အောင်လှိုင်အဖွဲ့ အသေဆိုး နဲ့သေပါစေ၊ စစ်ခွေးတွေ ကို ချေမှုန်းဖို့ KIA PDF ချီတက်လာပြီ၊ ဖက်ဒရယ်ပြည်ထောင်စု နှင့် ဖက်ဒရယ် တပ်မတော် ပေါ်ပေါက်ရေး ဒို့အရေး ၊တော်လှန်ရေး အမြန်အောင်ဖို့ ပြည်သူအားလုံး ဝိုင်းဝန်းပါဝင်စို့ ၊ဖမ်းဆီးထားသော နိုင်ငံခေါင်းဆောင်များနှင့် ပြည်သူများ ချက်ချင်းလွတ်၊ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်၊ နွေဦးတော်လှန်ရေး အရေးတော်ပုံအောင်ကိုအောင်ရမည် စသည့်ကြွေးကြော်သံများဖြင့် ချီတက်သပိတ်မှောက်ခဲ့ကြသည်။