ရန်ကုန်၊ စက်တင်ဘာ ၂၆
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်မှုထမ်းဟောင်းများ ဦး ဆောင်သော တပ်ဖွဲ့များကို ဒေသလုံခြုံရေးအဖွဲ့များအဖြစ် သတ်မှတ်ပြီး သီးခြားဆောင်ရွက်ခြင်းမပြုဘဲ စစ်တပ်၊ ရဲတို့နှင့်အတူ ပေါင်းစပ်ဆောင်ရွက်ရန် ညွှန်ကြားချက် ထုတ်ပြန်ထားသည်။
ဩဂုတ်လ ၁၈ ရက်နေ့ စစ်ကောင်စီ၏ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေး အစည်းအဝေး အမှတ်စဉ် ၅/၂၀၂၂ တွင် မင်းအောင်လှိုင်က ထိုသို့ ညွှန်ကြားချက် ထုတ်ပြန်လာခြင်းဖြစ်သည်။
ဒေသလုံခြုံရေးကို အထောက်အကူပြုစေရန်အတွက် သီးခြားဆောင်ရွက်ခြင်းမပြုဘဲ ဒေသန္တရ လုံခြုံရေးအဖြစ် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ကယားပြည်နယ်ကဲ့သို့သော ဒေသများတွင် စစ်တပ်၊ ရဲ ၊ ပြည်သူ့စစ်၊ စစ်မှု ထမ်းဟောင်းအဖွဲ့၊ အရပ်ဘက်ပုဂ္ဂိုလ်များဖြင့် စနစ်တကျ ပေါင်းစပ်ဆောင်ရွက်နိုင်ရေး ပြည်နယ်/တိုင်း စစ်ကောင်စီက ကြီးကြပ်ရန်နှင့် အောက်ခြေ အဖွဲ့များက စီမံဆောင်ရွက်ရန် မင်းအောင်လှိုင်က လမ်းညွှန်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်တပ်ဖွဲ့များတွင် စစ်တပ်အငြိမ်းစားများကို တပ်မှူးနှင့်ဒုတိယတပ်မှူးများအဖြစ် ခန့်အပ်မှုများရှိနေကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ် ရှားသူတချို့ထံမှ သိရှိရသည်။
နေပြည်တော်တွင်လည်း စစ်မှုထမ်းဟောင်းများကို ကိုယ်ပိုင်အမှတ်များ ပြန် လည် ထုတ်ပေးပြီး လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်ခိုင်းခြင်း၊ စစ်မှု ထမ်းဟောင်း များ၏ ဇနီးနှင့်သားသမီးများကိုပါ အရန်အင်အားများအဖြစ် ကိုယ်ပိုင်အမှတ်များ ထုတ်ပေး၍ စာရင်းကောက်ယူမှုများရှိနေကြောင်း သိရှိရသည်။