25 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၂၆ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ – ရခိုင်ပြည်၊ မင်းပြားမြို့အနီးမှာရှိတဲ့ သတ်ပုန်း- ချောင်း၊ ချောင်းရှည်အနားမှာ ဒီကနေ့ စက်တင်ဘာလ ၂၆ ရက်နေ့ မနက်ပိုင်းက အကြမ်းဖက် စစ်ကောင်စီတပ် နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေတဲ့အပြင် ၊ စစ်ကောင်စီက ကြည်း၊ ရေ၊လေ ပူး ပေါင်းပြီး ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။ -စစ်ကိုင်းတိုင်း ၊ ဝက်လက်မြို့နယ်မှာရှိတဲ့ ရှိမ်းမကား ရဲစခန်းက အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် တွေဟာ ဒီကနေ့ စက်တင်ဘာလ ၂၆ ရက်နေ့ မနက်ပိုင်းက ဧရာဝတီမြစ်အတွင်းမှာ ပြည်သူတွေဆီ က နေအတင်း အဓမ္မ ငွေကြေးကောက်ခံနေတဲ့အချိန် ပစ်ခတ် တိုက်ခိုက်ရာမှာ ၊ စစ်ကောင်စီဘက်က အရာရှိ ၁ ဦးအပါအဝင် ၅ ဦးသေဆုံးသွားတယ်လို့ တောကြီးမွေပွေး အဖွဲ့ဆီကနေ သိရပါတယ်။ -အကြမ်းဖက် စစ်ခေါင်းဆောင် အာဏာလု မင်းအောင်လှိုင်က စစ်မှုထမ်းဟောင်းတွေ ဦးဆောင်တဲ့ လုံခြုံ ရေးအဖွဲ့တွေကို ဒေသလုံခြုံရေးအဖွဲ့တွေအဖြစ် သတ်မှတ်ပြီး ၊ သီးခြားဆောင်ရွက်တာမျိုးမလုပ်ပဲ စစ် တပ်၊ ရဲတို့ နဲ့ အတူ ပူးပေါင်း ဆောင်ရွက်ဖို့ ညွှန်ကြားချက် ထုတ်ပြန်ထားတဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article