ရန်ကုန်၊ စက်တင်ဘာ ၂၆
အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၂၆ ရက်နေ့တွင် “ကိုယ့်နိုင်ငံရဲ့အနာဂတ် ကိုယ့်နိုင်ငံရဲ့ကံကြမ္မာဟာ ကိုယ့်လက်ထဲမှာ ရှိတယ်ဆိုတာ ပြည်သူတွေမမေ့ပါနဲ့။ (ဒေါ်အောင်ဆန်းစုကြည်)” ခေါင်းစဥ်ဖြင့် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။