ရန်ကုန်၊ စက်တင်ဘာ ၂၆
ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ရှိ မြန်မာမိသားစုများ စုပေါင်း၍ ကုလသမဂ္ဂအမြဲတမ်း ကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာပြည်သူများ၏ ကိုယ်စားလှယ်အဖြစ် ကမ္ဘာက ဆက်လက်အသိအမှတ်ပြုရေးနှင့် ာငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ပွဲကို ယနေ့ စက်တင်ဘာ ၂၆ ရက်နေ့တွင် ဗစ်တိုးရီးယားပါလီမာန်ရှေ့၌ မဲလ်ဘုန်းမြို့၏ အအေးဒဏ်ကို ကြံ့ကြံ့ခံရင်း နံနက် ၁၁ နာရီမှ ညနေ ၃နာရီထိ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
အဆိုပါဆန္ဒဖေါ်ထုတ်ပွဲကို CRPH/NUG Support Group Australia (Vic) က ဦးဆောင်စီစဉ်ခဲ့ခြင်းဖြစ်ပြီး မြန်မာမိသားစုများက ၎င်းတို့၏ သဘောထားကိုဩစတြေးလျ အစိုးရသိစေရန်၊ နိုင်ငံခြားရေးဝန်ကြီး Hon Senator Penny Wong ဆီသို့ တိုက်ရိုက်အစီရင်ခံစာပေးပို့ခဲ့သည့်အပြင် ဗစ်တိုးရီးယားပါလီမာန်သို့လည်းစာရေးသားပေးပို့ခဲ့ကြကြောင်း၊ ဆန္ဒဖော်ထုတ်ပွဲတွင် ဗစ်တိုးရီးယားပါလီမာန် အမတ်တစ်ဦးဖြစ်သည့် Mr. Meng Heang Tak MP က ကိုယ်တိုင်ပါဝင်အားပေးခဲ့ပြီး Australia Myanmar Institute ရဲ့ ဥက္ကဌ ဖြစ်သူ Mr. Christopher Lamb နှင့် မြန်မာ့အရေးကိုထောက်ခံအားပေးနေတဲ့ တက်ကြွလှုပ်ရှားသူ စင်ကာပူမှ လာရောက်ပညာသင်ကြားနေကြသော ကျောင်းသူနှစ်ဦးကလည်းကိုယ်တိုင်ဝင်ရောက်အားပေးခဲ့ကြကြောင်း သိရှိရသည်။