ရန်ကုန်၊ စက်တင်ဘာ ၂၆
ချင်းပြည်နယ်၊ ကန်ပက်လက်နယ်တွင် လက်ရှိ တာဝန်ထမ်းဆောင်နေသော စစ်သား နေသူအောင်နှင့် ရဲတပ်သား ဗန်ဒိန်း တို့ လက်နက်နှင့်တကွ CDM ဝင်ကြသဖြင့် CDF-Kanpetlet က ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ပြီး လွတ် မြောက်နယ်မြေသို့ ပို့ဆောင်လိုက်ကြောင်း တရားဝင်သတင်းထုတ် ပြန်သည်။
CDM စစ်သား နေသူအောင်နှင့် ရဲတပ်သား ဗန်ဒိန်းတို့သည်
(၁) G3 (၁)လက်
(၂) MA2 (၁) လက်
(၃) G3 ကျည်ဘောက် (၂)ခု
(၄) M A2 ကျည်ဘောက် (၄)ခု
(၅) G3 ကျည် (၂၈) တောင့်
(၆) MA ကျည် (၃၄၆)တောင့်
(၇) ကျည်ကာ (၁) ထည် တို့နှင့် ပြည်သူ့ဘက်သို့ ခိုလှုံလာခြင်းဖြစ်ကြောင်း သိရှိရသည်။
CDF-Kanpetlet က ပြည်သူနှင့်ပူးပေါင်းပြီး CDM လုပ်လိုသော ရဲနှင့် တပ်မတော်သားကို မဆို နွေးထွေးစွာ ဖိတ်ခေါ်လျက်ရှိကြောင်း CDF-Kanpetlet က သတင်းထုတ်ပြန်သည်။