32 C
Yangon

ယင်းမာပင် အနောက်ခြမ်းသပိတ်စစ်ကြောင်းတွင် အခြားသပိတ်စစ်ကြောင်းများမှ ကော်မတီဝင်များနှင့်ခေါင်းဆောင်များ ပူးပေါင်း ချီတက်

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်အနောက်ခြမ်းဒေသသပိတ်စစ်ကြောင်းသို့ သွေးမအေးတဲ့ရွှေနွယ်သွေးသပိတ်ကော်မတီ၊ မုံရွာလူထုသပိတ်ဦးဆောင်ကော်မတီ၊ ပုလဲသပိတ်ဦးဆောင်သူများနှင့် ဒေသခံလူထုတို့ ပူးပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ယနေ့ ချီတက်ကြသည်။

“လေယာဥ်ပျံမြင်ရင်လက်ပြတတ်တဲ့အရွယ်တွေကို လေယာဥ်ပျံမြင်တိုင်း လက်ခလယ်ထောင်ပြတတ်အောင် မင်းတို့လုပ်လိုက်တာဘဲ…..” စားသားပါဘန်နာကို ကိုင်စွဲကာ လူထုအင်အားကောင်းကောင်းဖြင့် စစ်အာဏာရှင်ပြုတ်ကျရေးချီတက်သပိတ်မှောက်ကြသည်။

“စာသင်ကြားနေချိန် လက်နက်ကြီးပေါင်းမြောက်များစွာနဲ့ ပစ်သတ်ခံရတဲ့ ကလေးသူငယ်များအတွက်၊ ကိုယ့်ကလေးရဲ့ အလောင်းပါပြန်မရတဲ့ မိဘများအတွက်၊ ဖမ်းဆီးခံရတဲ့ ကျောင်သားနှင့် ဆရာများအတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှုဖြစ်လို့ တရားမျှတမှု ပြန်ရှာပေးရင်တောင် မလုံလောက်နိုင်ပါဘူး၊ အပြစ်မဲ့ကလေးငယ်များအတွက်၊ ကျဆုံးထိခိုက်ခဲ့ရသူများအတွက် တရားမျှတမှုပြန်ရှာဖွေနိုင်ဖို့နဲ့ ရှင်သန်ကျန်ရစ်နေသူများရဲ့ လွတ်မြောက်မှု၊ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့အတွက် ပြည်သူတရပ်လုံး အဆုံးစွန်သော ရုန်းကြွတော်လှန်ခြင်းနဲ့ပဲ ဖက်ဆစ်တပ်ကို အမြစ်ဖြတ်ကြရန် နှိုးဆော်တိုက်တွန်းပါတယ်” ဟု တော်လှန်ရေး ဦးဆောင်တက်ကြွလှုပ်ရှားသူတစ်ဦးက ဟောပြောခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article