ရန်ကုန်၊ စက်တင်ဘာ ၂၆
မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းတို့တွင် စစ်ကောင်စီတပ်များကို ပြည်သူ့ကာကွယ်ရေးတပ်များက ဆက်လက်တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၂ ဦး သေဆုံးကြောင်း သိရှိရသည်။
ရေစကြိုရှိ စစ်ကောင်စီစခန်းတိုက်ခိုက်ခံရပြီး ပျူစောထီး ၂ ဦးသေဆုံး
မကွေးတိုင်း၊ ရေစကြိုမြို့နယ် ဂွေးချိုကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင် စီ တပ်စခန်းကို ယနေ့ စက်တင်ဘာ ၂၆ ရက်နေ့ နံနက် ၈ နာရီဝန်းကျင်အချိန် လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပျူစောထီး နှစ်ဦးသေဆုံးခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ က သတင်းထုတ်ပြန်သည်။
သရက်ချောင်းတွင် စစ်သား ၄ ဦးသေဆုံး
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ၊ သရက်ချောင်းမြို့နယ် ၊ အောက်သရက်ချောင်းရွာလမ်းတွင် စက်တင်ဘာ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီ အချိန် ပုလောမှ ထား ဝယ် သို့ ဦးတည်တက်လာခဲ့သော စစ်ယာဥ်တန်းကို ကစယ်ဒိုဖယ်ဒရယ်စစ် ကြောင်း က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး အများအပြား ဒဏ် ရာရရှိကြောင်း ၊ကစယ်ဒိုဖက်ဒရယ်စစ်ကြောင်းသည်ပြည်သူ့ကာ ကွယ်ရေးတပ်မတော်၊ထား၀ယ်ခရိုင်တပ်ရင်း(၂)၊ကစယ်ဒိုကျားတပ်ဖွဲ့ နှင့် ညီနောင်မဟာ မိတ်များဖြင့် ဖွဲ့စည်းထားသောစစ်ကြောင်းတစ်ခုဖြစ်ကြောင်း သိရှိရသည်။
ပုလောမြို့တွင် စစ်သား ၉ ဦးသေဆုံး
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ပုလောမြို့နယ်၊တပို့ရွာအနီးတွင် စစ်ကား ၄ စီးကို ယနေ့နံနက် ၇ နာရီကျော်အချိန် အရိပ်ပြောက်ကြားဖွဲ့ (ပကဖ) နှင့် ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF တို့မိုင်း(၂)လုံးဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ဖောက်ခွဲမှု၌ ဖက်ဆစ်တပ်သားများထိခိုက်သေဆုံးများနိုင်၍ အတိကျတည်ပြုနိုင်ရန်ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီးKPDFပူးပေါင်းတပ်အဖွဲ့မှထိခိုက်ဒဏ်ရာရရှိသူမရှိပြန်လည် ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ စစ်ယာဥ်တန်းကို ခမောင်းတောင်ရွာအနီးတွင် ထပ်မံတိုက် ခိုက်ခံလိုက်ရာ စစ်သား ၉ ဦးသေဆုံးကြောင်း အများအပြားဒဏ်ရာရရှိကြောင်း သိရှိရသည်။
တန့်ဆည်တွင် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သားအများအပြားဒဏ်ရာ
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စက်တင်ဘာလ ၂၅ ရက်နေ့ ငှက်ပျောတောဘက်မှထွက်လာသော စစ်ခွေးတန်းအား ကပေါင်းကျရွာအဝင်မိုင်း ၂ လုံးဖြင့် တိုက်ခိုက်ရာ စစ်သား ၁၀ ဦးခန့် သေဆုံးထိခိုက်ကြောင်း သိရှိရသည်။
ယနေ့နံနက်ပိုင်းတွင် ကပေါင်းကျအရှေ့ရွာနှင့်ခေါတော ခေါက်ပြန်ကူးသန်းနေကြသော စစ်ကြောင်းသည် မိုင်းထပ်မိသဖြင့် စစ်သား ၁၀ ဦးခန့် ထိခိုက်နိုင်ကြောင်း၊ ယခုလက်ရှိတွင် ရွာအရှေ့ဘက်ရှိခေါတော၌ စုစုပေါင်းစစ်သား ၂၀ ကျော်ခန့် ဆေးကုသမှု ခံယူနေကြကြောင်း သိရသည်။
အင်းတော်တွင် စစ်သား ၂ ဦးသေဆုံး
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် စက်တင်ဘာလ ၂၄ ရက်နေ့ နှင့် စက်တင် ဘာလ ၂၅ရက်နေ့တွင် တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ စက် တင်ဘာလ ၂၄ရက်နေ့တွင် နန့်စီးအောင်မှ မော်လူးဘက်သို့ စုန်ဆင်းလာသော စစ် ကြောင်း ကို မော်လူးနှင့် နန့်စီးအောင်အကြားတွင် Local pdf အဖွဲ့က မိုင်း ၅ လုံးဆွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်ဒဏ်ရာ အများအပြားရရှိခဲ့ကြောင်း၊ ဒဏ်ရာရ စစ်သားများကို နန့်စီးအောင်ဂိတ်မှ အိမ်စီးကားဖြင့် မိုးညှင်းဘက်သို့သယ် ဆောင်သွားကြောင်း သိရပါသည်။
စက်တင်ဘာလ ၂၅ရက်နေ့တွင် မော်လူးဘက်မှ နဘားဘက်သို့ ဆင်းလာသော စစ်ကြောင်းကို KIA ၊PDF၊ABSDF ပူးပေါင်းတပ်ဖွဲ့များမှ မော်လူးနှင့် နဘားကြားတွင် ဝင်ရောက် ပစ်ခတ် တိုက်ခိုက် ခဲ့ရာ တပ်ကြပ်ကြီး အပါအဝင် စစ် သား နှစ်ဦး သေဆုံးကြောင်း၊ အများအပြားဒဏ်ရာရရှိကြောင်း Indaw Revolution -IR က သတင်းထုတ် ပြန်သည်။
လွိုင်ကော်တွင် စစ်သား ၂ ဦးသေဆုံး
ကရင်နီပြည်နယ်၊ လွိုင်ကော်တွင် စက်တင်ဘာလ ၂၆ ရက်နေ့ နံနက်၆နာရီတွင် နွားလဝိုးလမ်းခွဲတောင်ကုန်း၌ တပ်စွဲထားသောစစ်တပ် စခန်းကုန်းကို KNDF/B-12 ၊KNDF/B-14 ၊KNDF/B-02 ၊SSRYနှင့် KAတပ်ပေါင်းစုတို့က ပူးပေါင်း တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၅ကောင်ထက်မနည်း ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း၊ ပွိုက်ဖိုက် စက်သေနတ်တစ်လက်ဖျက်ဆီးနိုင်ခဲ့ကြောင်း KNDF က သတင်းထုတ်ပြန်သည်။
ကန့်ဘလူတွင် စစ်သား ၃ ဦးသေဆုံး
စစ်ကိုင်းတိုင်း၊ ကန့်ဘလူတွင် ယနေ့ နံနက် ၁၀ နာရီ ၄၅ မိနစ် အချိန် ကန့်ဘလူမြို့နယ် အောင်သာယာကျေးရွာ (ပျူရွာ) တွင် တပ်စွဲထားသော အကြမ်းဖက် စစ်သားနှင့်ပျူစောထီးများ ရွာအပြင် တောင်ဘက်သို့ထွက်လာခဲ့သဖြင့် Armed Revolutionary Force- KU အဖွဲ့နှင့် နယ်မြေခံ ကန့်ဘလူ UG အဖွဲ့တို့ ပူး ပေါင်း၍ ဝင်ရောက်ပစ်ခတ်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးကြောင်း၊ အလောင်းများ လာကောင်သူများကို မွန်းလွဲ ၁ နာရီ ထပ်မံတိုက်ခိုက်ခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်က သတင်းထုတ်ပြန်သည်။
ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။