26 C
Yangon

အစီရင်ခံစာနှင့်ကြေးနန်းများ ပေါက်ကြားမှု ထိန်းမနိုင်တော့၍ စစ်သား သေဆုံး ထိခိုက်ဒဏ်ရာရမှု ထည့်သွင်း မဖော်ပြတော့ရန် စစ်တပ်က ညွှန်ကြားချက်ထုတ်

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၇

စစ်ကိုင်းတိုင်းတွင် ဖြစ်ပွားသော တိုက်ပွဲများတွင် စစ်သားများ ထိခိုက်သေဆုံးမှု၊ ဒဏ်ရာရရှိမှုများကို အစီရင်ခံစာ၊ ကြေးနန်းများတွင် ထည့်သွင်းဖော်ပြခြင်းမပြုရန် စစ်ကိုင်းတိုင်းစစ်ကောင်စီ၊ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးက ညွှန်ကြားချက် ထုတ်ပြန်သည်။

စက်တင်ဘာလ ၂၆ ရက်နေ့ ထုတ်ပြန်သော ညွှန်ကြားချက်တွင် စစ်ကိုင်းတိုင်းဒေသကြီးနယ်မြေ အတွင်း အထက်ဌာနများသို့ ပေးပို့သည့် အစီရင်ခံစာများ၊ ကြေးနန်းများတွင် အရေးကြီးပုဂ္ဂိုလ်သွားလာလှုပ်ရှားမှု၊ တိုင်းမှူး၏ လှုပ်ရှားသွားလာမှု ၊ စစ်တပ်နှင့် PDF အဖွဲတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှု ဖြစ်စဉ်များတွင် စစ်တပ်မှ ထိခိုက်/ဒဏ်ရာရမှုများကို ထည့်သွင်းဖော်ပြ နေကြောင်း စိစစ်တွေ့ရှိရသည့်အတွက် ထည့်သွင်းဖော်ပြခြင်းမပြုရန် အကြောင်းကြားအပ်ကြောင်း ဖော်ပြထားသည်။

“ဒီလို ညွှန်ကြားတာက အစီရင်ခံစာနဲ့ ကြေးနန်းတွေက ပေါက်ကြားမှု ထိန်းမရတော့လို့ ထင်ပါတယ်။ တကယ်တော့ ကြေးနန်းဆိုတာက တကယ့်ကို အကြောင်းအရာ အသေးစိတ်ကို ဖော်ပြရတာမျိုး။ အစီရင်ခံစာဆိုတာလည်း အလားတူပဲ။ အခု သေဆုံးထိခိုက် မဖော်ပြခိုင်းဘူးဆိုတာက ဒီကြေးနန်းတွေ၊ အစီရင်ခံစာတွေ ပေါက်ကြားမှု ထိန်း မနိုင်တော့လို့ ကောက်ချက်ချလို့ရပါတယ်” ဟု ရန်ကုန်ခေတ်သစ်၏ တပ်သတင်းရင်းမြစ်က ပြောသည်။

စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်များ နေ့စဉ် ဆယ်ချီ၍ သေဆုံးလျက်ရှိပြီး စစ်ကောင်စီတပ်များက ကျေးရွာများကို မီးရှို့ခြင်း၊ ပြည်သူများကို ဖမ်းဆီး သတ်ဖြတ်ခြင်းများ အရှိန်မြှင့်လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article