ရန်ကုန်၊ စက်တင်ဘာ ၂၇
အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၂၇ ရက်နေ့တွင် “စစ်ရာဇဝတ်မှုနှင့် လူမျိုးတုံးသတ်ဖြတ်မှု့တရားခံ စစ်ကောင်စီကို ကုလသမဂ္ဂနှင့် နိုင်ငံတကာက အရေးယူပေးကြရန် တောင်းဆိုအပ်ပါသည်” စာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။