28 C
Yangon

လှိုင်မြို့နယ် လျှပ်စစ်မီတာရုံးရှေ့ရှိ စစ်တပ်ဘန်ကာကို ဗုံးဖြင့် ပစ်ပြီး သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်သွား၊ သန်လျင်တွင် ဗုံးကွဲမှုစစ်သား ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၇

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်ရှိ လျှပ်စစ်မီတာရုံးရှေ့ရှိ စစ်တပ်ဘန်ကာကို ယနေ့ညနေပိုင်းတွင် ဗုံးဖြင့် ပစ်ခတ်ပြီး သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်သွားကြောင်း ဒေသခံများနှင့် မျက်မြင်တွေ့ရှိရသူများက ပြောသည်။

စက်တင်ဘာလ ၂၇ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန်တွင် ရန်ကုန်-အင်းစိန်လမ်းမဘေး လှိုင်မြို့နယ် လျှပ်စစ်မီတာရုံးရှေ့ရှိ စစ်တပ်ဘန်ကာကို ဗုံးဖြင့် ပစ်ခြင်း၊ သေနတ်ဖြင့် ပစ်ခတ်ခြင်းများဖြစ်ပေါ်ခဲ့ကြောင်း၊ စစ်တပ်ဘန်ကာ အတွင်းမှ စစ်သားများ သေဆုံးထိခိုက်မှုရှိနိုင်ကြောင်း သိရှိရသည်။

“မြို့ထဲသွားတဲ့ လမ်းတစ်ဖက်ကနေ ပစ်သွားတာ။ ဗုံးနဲ့လည်း ပစ်တယ်။ သေနတ်နဲ့လည်းပစ်တယ်။ ပစ်တဲ့သူတွေကိုတော့ မတွေ့ရဘူး။ ဘယ်က ပစ်သွားမှန်းတောင်မသိလိုက်ဘူး။ လှိုင်မီတာရုံးထဲက ခွေးတွေတော့ ထိမယ်ထင်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

လှိုင်မြို့နယ်၊ ကန်လမ်းတွင် နေထိုင်သူ ပြည်သူတစ်ဦးက ယခုအခါ လမ်းနှစ်ဖက်စလုံးကို စစ်တပ်က ပိတ်ဆို့လိုက်ပြီဖြစ်ပြီး ကန်လမ်းအတွင်းမှလည်း ထွက်မရတော့ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် အသေးစိတ်အခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

အလားတူ စက်တင်ဘာလ ၂၆ ရက်နေ့ ည ၈ နာရီခွဲအချိန် YPDF+URFပူး‌ေပါင်းမဟာမိတ်ပြောက်ျားတပ်ဖွဲ့ဝင်များက သန်လျင်တက္ကသိုလ် TU ဝင်းအတွင်းရှိ စစ်သားများနေထိုင်ရာလိုင်းခန်းကိုဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း အဆိုပါအဖွဲ့က တရားဝင်သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ- လှိုင်မြို့နယ်ရှိ လျှပ်စစ်မီတာရုံးရှေ့မှ ဘန်ကာ။

Photo Credit- အဲလဲဗင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article