23 C
Yangon

လွိုင်ကော်၊ ကယန်းသာယာလမ်းဆုံရှိ စစ်ကောင်စီတပ်ဖွဲ့ကို ကရင်နီပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်ရာ စစ်သား ၇ ဦး သေဆုံး၊ တောင်နီကျေးရွာအနီးတွင် ကော်ဘရာစစ်ကြောင်းက ပစ်ခတ်၍ စစ်သား ၄ ဦး သေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၇

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကယန်းသာယာ လမ်းဆုံအနီး တပ်စွဲထားသော အကြမ်းဖက်စစ်တပ်ကို ကရင်နီပူးပေါင်းတပ်ဖွဲ့က စက်တင်ဘာလ ၂၇ ရက် ယနေ့ နံနက် ၁၀ နာရီခန့်တွင် သွားရောက်ပစ်ခတ်ရာ စစ်သား ၇ ဦး သေဆုံးကြောင်း သတင်းရရှိသည်။

ကယန်းသာယာလမ်းဆုံရှိ စစ်ကောင်စီတပ်ဖွဲ့ကို အလယ်ပိုင်းတိုင်အထူးးစစ်ဆင်ရေး စနိုက်ပါတပ်ဖွဲ့နှင့် KNDF တပ်ရင်း ၂ စနိုက်ပါ တပ်ဖွဲ့တို့က သွားရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲသည် နေ့လယ် ၁၂ နာရီခွဲအထိ ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်မှ စနိုက်ပါများ၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း ကရင်နီပူးပေါင်းတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

အလားတူ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေ၊ မြဝတီမြို့နယ်၊ တောင်နီကျေးရွာအနီး ကျူးကျော်လာသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ ၄၄ လက်အောက်ခံ၊ ခမရ ၁၀၄ တပ်ဖွဲ့ကို KNLA တပ်ရင်း ၂၇ ကော်ဘရာ စစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့က ယနေ့ နေ့လယ်ပိုင်းတွင် တိုက်ခိုက်ရာ စစ်သား ၄ ဦး သေဆုံးကြောင်း သတင်းရရှိသည်။

KNLA ပူးပေါင်းအဖွဲ့၏ လက်ဖြောင့် စနိုက်ပါဖြင့် ပစ်ခတ်မှုကြောင့် စစ်သား ၄ ဦး သေဆုံးခဲ့ခြင်းဖြစ်ပြီး ပူးပေါင်းအဖွဲ့ဘက်မှ အထိအခိုက်မရှိကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article