22 C
Yangon

မြောက်ဥက္ကလာတွင် တပ်လုံခြုံရေးနေရာကို ဗုံးဖြင့် တိုက်ခိုက်၊ လှိုင်မြို့နယ်မီတာရုံး ပစ်ခတ်ခံရမှု စစ်သား ၂ ဦး ဒဏ်ရာရ ၊ မရမ်းကုန်း၊ လှိုင်နှင့်ကမာရွတ်မြို့နယ်များကို ယခုညပိုင်း အစစ်အဆေးကြမ်း

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၇

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်၊ရွှေပေါက်ကံတံတားအဆင်း၊ရပ်ကွက်အုပ် ချုပ်ရေးမှူးရုံးနှင့် မီးသတ်ဌာနအကြား စစ်တပ် လုံခြုံရေးနေရာကို ယနေ့ ညနေပိုင်း လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဂဠုန်ရာ ဇာပြောက် ကျားအဖွဲ့က တရားဝင်သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၂၇ ရက်နေ့ ညနေ ၄ နာရီ ၄၀ မိနစ်အချိန် Eastern Red Lion အဖွဲ့နှင့် ဂဠုန်ရာဇာပျောက်ကြားအဖွဲ့တို့ကပူးပေါင်းပြီး စစ်တပ် လုံခြုံရေးနေရာကို လက်ပစ် ဗုံးပစ်ခတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ ထိခိုက်ပျက်စီးမှု အသေးစိတ်ကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။

အလားတူ ယနေ့ည ၁၁ နာရီ အချိန်တွင် မြောက်ဥက္ကလာတွင် ဗုံးပေါက်ကွဲသံ အလွန်ကျယ်လောင်စွာကြားရကြောင်း ဒေသခံများက ပြောဆိုသည်။

ထို့အတူ စက်တင်ဘာလ ၂၇ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန်တွင် ရန်ကုန်-အင်းစိန်လမ်းမဘေး လှိုင်မြို့နယ် လျှပ်စစ်မီတာရုံးရှေ့ရှိ စစ်တပ်ဘန်ကာကို ဗုံးဖြင့် ပစ်ခြင်း၊ သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပေါ်ခဲ့ပြီး စစ်သား ၂ ဦး ဒဏ်ရာ အပြင်းအထန်ရရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

“လှိုင်မြို့နယ် မီတာရုံးခွေးကင်းဘန်ကာ တိုက်ခိုက်မှုမှာ ခွေး၂ကောင် ဝမ်းဗိုက် ခြေထောက် လက် နားထင် ဗုံးစ များမှန်ပါတယ်။ မစိုးရိမ်ရ ဒဏ်ရာလို့တော့ပြောတယ်။ ခွေးဆေးရုံတင်ထားတယ်တဲ့။ မသေနိုင်ဘူးတဲ့ မသေတာနာတယ်” ဟု လှိုင်မြို့နယ်ဒေသခံက ရှင်းပြသည်။

လှိုင်မြို့နယ် လျှပ်စစ်မီတာရုံးကို Spring Revolution Warriors ၊ မဟာမိတ် SIA ၊ ရန်ကုန်မြေအောက်တော်လှန်ရေးတပ်ဖွဲ့၊ ပြည်သူ့တော်လှန်ရေးအင်အား စုများ စုပေါင်းပြီး စစ်ရေးပစ်မှတ်အဖြစ် ပစ်ခတ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

လှိုင်မြို့နယ် လျှပ်စစ်မီတာရုံး တိုက်ခိုက်ခံရမှုအတွက် စစ်တပ်က ယနေ့ညပိုင်း ကမာရွတ်မြို့နယ် နှင့် မရမ်းကုန်းမြို့နယ်တို့၏ သက်ဆိုင်ရာ မြို့နယ် ရပ်ကွက်ရုံးများတွင် အင်အားအလုံးအရင်းဖြင့် မွှေနှောက်မှုများရှိနေကြောင်း ဒေသခံများက ပြောဆိုကြသည်။

ထို့ပြင် အင်းစိန်မြို့နယ်တွင် ယနေ့ည ၇ နာရီ ၃၀ မိနစ်အချိန် အင်းစိန်ထောင်ပတ်ဝန်းကျင်အနီးမှ ပစ်ခတ်သံတချို့ ကြားရကြောင်း၊ သန်လျင်မြို့နယ်တွင်လည်း ယနေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန် ဗုံးပေါက်ကွဲသံကြားရကြောင်း၊ ဒေသခံများထံမှ သိရှိရသည်။

ဓာတ်ပုံ- ညပိုင်းတွင် စစ်ဆေးရေးလုပ်ကြသည့် အကြမ်းဖက်စစ်ကောင်စီရဲတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article