20 C
Yangon

မြင်းခြံ၊ ချောင်းဦး၊ ဟားခါး၊ မြောင်မြို့နယ်တိုက်ပွဲများတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၄ ဦးသေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၈

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်နှင့်မြောင်မြို့နယ်၊ မန္တလေးတိုင်း၊ မြင်းခြံမြို့ နယ် နှင့် ချင်းပြည်နယ်၊ ဟားခါးမြို့နယ် တိုက်ပွဲများတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၄ ဦးသေဆုံးခဲ့ကြောင်း‌ ဒေသကာကွယ်ရေးတပ်ဖွဲ့များ၊ ဒေသသတင်းရင်း မြစ်များထံမှ သိရှိရသည်။

မြင်းခြံတွင် ဒရုန်းဖြင့် ၃ ရက်ဆက်တိုက် ဗုံးကျဲမှု စစ်သား ၈ ဦး သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျေးရွာများတွင် အခြေချထားသည့် စစ်တပ်ကို စက်တင်ဘာ၂၅ ရက်နေ့ မှစတင်ပြီး ယနေ့အထိ ၃ ရက်ဆက်တိုက် ဒရုန်းဖြင့် ၁၀ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦး သေဆုံးကြောင်း၊ ဒဏ်ရာရရှိများရှိကြောင်း 27 Revolution Force – မြင်းခြံ က သတင်း ထုတ်ပြန်သည်။

ချောင်းဦးတွင် စစ်သား ၃ ဦးသေဆုံး

စက်တင်ဘာလ ၂၆ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန် စစ်ကိုင်းတိုင်း၊ ချောင်း ဦးမြို့နယ်အားကစားကွင်းမှအနောက်ဘက်ကျေးရွာများဘက်သို့ ခြေ လျင်စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီအင်အား ၄၀ ခန့်ကို အုတ်ဖိုအနီးတွင် CHUPDF တပ်ခွဲ ၄ (မိုင်းတပ်ခွဲ) မှ ရဲဘော်များက မိုင်းဆွဲတိုက် ခိုက်ခဲ့ကြောင်း၊ စစ်သား ၃ ဦး သေဆုံးပြီး ၇ ဦး ပြင်းထန်ကြောင်း၊ ထိုအထဲတွင် ၁ ဦးပါဝင်ကြောင်း ချောင်းဦး CHUPDFက သတင်းထုတ်ပြန်သည်။

ဟားခါးတိုက်ပွဲတွင် ရဲတပ်ဖွဲ့ဝင် အောင်အောင်လွင် သေဆုံး

စက်တင်ဘာ ၂၇ရက်နေ့ နံနက်ပိုင်း၊ ချင်းပြည်နယ်၊ ဟားခါးမြို့၊ ဟားခါးထာရ်ရပ်ကွက် ၆-လမ်းဆုံတိုက်ပွဲတွင် ရဲ တပ်ဖွဲ့ဝင် အောင်အောင်လွင် သေဆုံးခဲ့ပြီး သုဘလိုက်ပို့နေစဉ် ထပ်မံတိုက်ခိုက်ခံရသဖြင့် ရဲ ၂ ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း ၊ ယနေ့ညနေပိုင်း ၅နာရီခန့်တွင် ဟားခါးမြို့ ကျောဘုတ်ရပ်ကွက် သုသာန်သို့ ရဲတပ်ဖွဲ့ဝင် အောင်အောင်လွင် ရုပ်အလောင်းကို အသုဘချရန် ပို့ ဆောင်နေစဉ် တိုက်ခိုက်ခံရသဖြင့် ဒေသသတင်းဌာန The Chin Journal ချင်းဂျာနယ်က သတင်းဖော်ပြသည်။

မြောင်တွင် PDF ၁ ဦးကျဆုံးပြီး စစ်သား ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ယနေ့နံနက် ၄ နာရီတွင် ကျောက်ရစ်စခန်းမှ အင်အား စစ်သား ၆၀ ခန့်က ဆင်မင်းကျေးရွာကိုဝင်ရောက်စီးနင်းခဲ့ကြောင်း၊ Myaung Farmer အဖွဲ့မှ မြောင်ပြည်သူ့တပ်မတော် MUA ၏ ဒုတပ်စိပ်မှုး မောင်မျိုးသန့်ခိုင် (ခ) ဗိုလ်စနေက စစ်တပ်ကို တိုက်ခိုက်တွန်းလှန်ရင်းကျဆုံးခဲ့ရကြောင်း၊ အပြန်အလှန်ပစ်ခတ်မှုများကြောင့် စစ်သား ၂ ဦး သေဆုံးကြောင်း၊ စစ်သား ၅ ဦးဒဏ်ရာရကြောင်း ဒေသကာကွယ်ရေးတပ်များထံမှ သိရှိရသည်။

ဓာတ်ပုံ- စက်တင်ဘာလ ၂၇ ရက်နေ့ ဟားခါးထာရ်တိုက်ပွဲတွင် သေဆုံးသွားသော ရဲတပ်ဖွဲ့ဝင် အောင်အောင်လွင်၏ နာရေးကို သဂြိုလ်နေစဉ်။

Photo Credit- The Chin Journal

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article