ရန်ကုန်၊ စက်တင်ဘာ ၂၈
ယောဒေသ ပြည်သူများ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၂၈ ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ တည်ထောင်ခြင်း (၃၄) နှစ်ပြည့် နှစ်ပတ်လည်နေ့ အဖြစ် ဖက်ဆစ် စစ်တပ် အမြစ်ပြတ် ချေမှုန်းရေး ယောဒေသ ပြည်သူများ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
အဆိုပါ သပိတ် စစ်ကြောင်း လုံခြုံရေး အတွက် The Youth Force (Saw&Kyaukhtu) ရဲဘော်များမှ လိုက်ပါဝန်းရံပေးခဲ့ကြောင်း သိရသည်။