28 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၂၈ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ – ကရင်ပြည်နယ်မှာရှိတဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်က အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ခလရ ၂၈၃ တပ်ရင်း ၊ ဘုရားတောင် စခန်းကို KNLA ပူးပေါင်းတပ်တွေက ဒီကနေ့ စက်တင်ဘာလ ၂၈ ရက်နေ့ မှာ သိမ်းပိုက်လိုက် တဲ့အပြင် ၊စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူးအပါအဝင် ၁၁ ဦးသေဆုံးသွားသလို၊ လက်နက် ၁၃ လက် ပါ ရရှိခဲ့တယ်လို့ KNU သတင်းရင်းမြစ်က ပြောပါတယ်။ – မိုးဗြဲမြို့မှာ အကြမ်းဖက် စစ်ကောင်စီတပ် နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး ၊ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင်မှုကို ခံနေရတာကြောင့် မြေပြင်ရှေ့တန်း အဖွဲ့တွေအတွက် ခဲယမ်း အရေးတကြီး လိုအပ်နေတယ်လို့ ထောက်ပို့လုပ်ဆောင်နေသူ တစ်ဦးက ပြောပါတယ်။ – ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်မှာ လုယက်မှု၊ မူးယစ်ဆေးဝါးမှု၊ လူသတ်မှုတွေနဲ့ ထောင်ဒဏ် နှစ် ၇၀ ကျော် ချမှတ်ခံထားရတဲ့ အင်းစိန်လူမိုက် မူးယစ်ရာဇာ ကျော်ဝင်းစိန် နဲ့ အဖွဲ့ကို စစ်ကောင်စီက ထောင် ကနေ ပြန်လွှတ် ပေးပြီး ပျူစောထီးတွေအဖြစ် စစ်တပ်နဲ့အတူ ကင်းလှည့်တာ၊ ဧည့်စာရင်း စစ်တာတွေကို လုပ်ဆောင်ခိုင်းထားတဲ့ သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article