30.7 C
Yangon

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး၊ ဘုရားတောင်စခန်း သိမ်းပိုက်မှု ဒုတပ်ရင်း မှူး အပါအဝင် စစ်သား ၁၁ ဦး အလောင်းတွေကို စစ်တပ်က စုပုံလာကောက်၊ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ KNLA တပ်က ထုတ်ပြန်

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၈

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားတောင်စခန်း သိမ်းပိုက်မှု ဒုတပ်ရင်းမှူး အပါအဝင် စစ်သား ၁၁ ဦး အလောင်းတွေကို စစ်တပ်က စုပုံ လာကောက်ယူကြောင်း သိရှိရသည်။

ကရင်ပြည်နယ်ရှိ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ် ခလရ ၂၈၃ တပ်ရင်း ဘုရားတောင်စခန်းကို KNLA ပူးပေါင်းတပ်များက ယနေ့တွင် သိမ်း ပိုက်လိုက်ပြီး ဒုတပ်ရင်းမှူးအပါအဝင် ၁၁ ဦးသေဆုံးကြောင်း၊ လက်နက် ၁၃ လက်ရရှိကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။

“ဘုရားတောင်ကျေးရွာစခန်းကို ကျနော်တို့ သိမ်းတာမှာ လက်နက် ၁၃ လက်ရရှိပါတယ်။ သူတို့ဘက်က ဒုတပ် ရင်းမှူး ၊ တပ်ကြပ်ကြီး အပါအဝင် ၁၁ ဦးသေဆုံးပါတယ်။ အခု လေယာဉ်တွေလာနေပါတယ်။ ဝဲနေတယ်” ဟု KNLA သတင်းရင်းမြစ်က ပြောသည်။

သိမ်းဆည်းရမိသည့် လက်နက်များတွင် စက်လက်နက်များ၊ MA သေနတ်များပါဝင်ကြောင်း၊ တိုက်ပွဲသည် နာရီဝက်သာ ကြာမြင့်ကြောင်း ၊ နံနက် ၅ နာရီခွဲတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နံနက် ၆ နာရီတွင် စခန်းတစ်ခုလုံးကို သိမ်း ဆည်းလိုက်ကြောင်း၊ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာတွင် နံနက် ၁၀ နာရီခွဲမှပြီးဆုံးကြောင်း သိရှိရသည်။

အဆိုပါစခန်းသည် ပြည်သူများကို ခြိမ်းခြောက် ငွေညှစ်ခြင်း၊ လမ်းသွားလမ်းလာများကို ဖမ်းဆီးရိုက်နှက်ခြင်း၊ ဘုရားတောင်စခန်းကုန်းပေါ်မှ မျိုးစုံ ပြည်သူများကို ခြိမ်းခြောက်နေသည့်အတွက် အပြီးအပိုင် ရှင်းလင်းခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

အလားတူ KNU တပ်မဟာ ၆၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အဇင်းကျေးရွာရှိ စစ်ကောင်စီစခန်းကို ယမန်နေ့ ညနေပိုင်းတွင် KNLA က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article