25 C
Yangon

အလုံ၊ အင်းစိန်၊ သာကေတတို့တွင် ဗုံးပေါက်ကွဲမှုများနှင့် ပစ်ခတ်မှုများဖြစ်ပေါ်၊ မန္တလေးတွင်လည်း စစ်တပ်သတင်း ပေး တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၈

ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ အင်းစိန်မြို့နယ်၊ သာကေတမြို့နယ်တို့တွင် ဗုံးပေါက် ကွဲမှုများနှင့် ပစ်ခတ်မှုများဖြစ်ပေါ် ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

စက်တင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် ရန်ကုန်တိုင်း၊ အလုံမြိုနယ်၊စောရန်ပိုင်အရှေ့ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်ကွဲခဲ့ပြီး လူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံများက ပြောဆိုကြသည်။

“ဗုံးပေါက်တာက ရပ်ကွက်ရုံးနားမှာ ပေါက်တာ။ ရပ်ကွက်ရုံးထဲမှာ ခွေးတွေ မကြာခဏ လာတာမျိုးရှိတယ်။ တချို့လည်း အရပ်ဝတ်နဲ့နေတာမျိုးရှိတယ်။ လူ ၃ ဦးတော့ထိသွားတယ်။ မစိုးရိမ်ရဘူး။ ရှပ်ထိတွေပဲ။ နောက်တော့ ခွေးတွေက လမ်းတွေကိုပါ ပိတ်ပြီး စစ်တာ။ ရုံးနားကိုတော့ ဗုံးရှိမလားဆိုပြီး သူတို့ ထပ်ရှာနေတာလည်း တွေ့တယ်” ဟု အလုံမြို့နယ်မှ ဒေသခံ ပြည်သူတစ်ဦးက ဆိုသည်။

ယနေ့ စက်တင်ဘာလ ၂၈ ရက်နေ့ည ၇ နာရီအချိန် အလုံမြို့နယ်တွင်ပင် ဗုံးပေါက်ကွဲသံ ထပ်မံကြားရကြောင်း ဒေသခံများက ပြောဆိုပြီး ပေါက်ကွဲသည့်နေရာကို မသိရှိရသေးဟု ဆိုကြသည်။

ထို့ပြင် အင်းစိန် ကြို့ကုန်းအနောက်ရပ်ကွက် မြို့ပတ် ရထားစက်ရုံနောက်ဘက်၊ မီးရထားသံလမ်းတွင်စစ်တပ်က ပြည်သူများကို ပစ်ခတ်မှုများလုပ်ဆောင်နေကြောင်း ၊ မည်သည့်အတွက်ကြောင့် ပစ်ခတ်သည်ကို မသိရှိရကြောင်း‌ ဒေသခံများက ပြောသည်။

” စစ်ကာင်စီက သေနတ်ပစ်ခတ်နေတယ်။ သူတို့တပ်စွဲတဲ့ အရှေ့နေ ဖြတ်သွား ဖြတ်လာ လူကို ပစ်တာ။ ဒီည ၇ နာရီ ၄၈ မိနစ် အချိန်မှာ ၅ ချက်ပစ်တာ။ မနေ့ကလည်း စက်ရုံရှေ့ ဗဟို လမ်းမပေါ်မှာ ၆ ချက် ပစ်တယ်။ မြို့ ပတ် ဒီဇယ် စက်ရုံမှာ တပ်စွဲထားတဲ့ စစကောင်စီတပ်က ပစ်နေတာပါ။ ခွေးတွေ ရမ်းကားနေတာ” ဟု ပြည်သူတစ်ဦးက ပြောသည်။

အလားတူ သာကေတမြို့နယ်တွင်လည်း ယနေ့ည ၇ နာရီ ၄၅ မိနစ်အချိန် ပစ်ခတ်သံ တချို့ကြားရပြီး အသေးစိတ် အခြေအနေကို ဆက်လက်စုံစမ်းနေဆဲပင်ဖြစ်သည်။

သာကေတဒေသခံတချို့၏ အဆိုအရ သာကေတတွင် ယနေ့ ညထွက်ပေါ်သော သေနတ်သံမှာ အုပ်ချုပ်ရေးမှူး ၊ စစ်တပ်သတင်းပေး ထွန်းထွန်းဝင်း ပစ်သတ်ခံ ရခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် စစ်တပ်က ပိတ်ဆို့ စစ်ဆေးမှုများလုပ်ဆောင် နေကြောင်း သိရှိရသည်။

“သာကေတ ၄တောင် အောင်သစ္စာ ၈လမ်း ကန်ထောင့်အနီးမှာ ထွန်းထွန်းဝင်းဆိုသူ ဖောင်းဒိုင်းခံရတယ်လို့ကြားတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ထို့ပြင် မန္တလေးတိုင်း၊ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် အကြမ်းဖက်စစ်တပ်ကို သတင်းပေးလုပ်နေသည့် ငမျိုးဆိုသူကို ယနေ့ နံနက် ၇ နာရီအချိန် ကမ်းနားလမ်း၊ ဘောကကြီး ဆိပ်ကမ်းအနီးတွင် Generation Z Power -GZP(Mandalay) က သေနတ်ဖြင့် ၁၂ ချက်ပစ်ခတ်သဖြင့် သေဆုံးသွားကြောင်း၊ ထိုရှင်းလင်းမှုတွင် ပြည်သူတစ်ဦး ထိခိုက်မှုရှိ၍ တောင်းပန်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ- ရန်ကုန်တွင် လုံခြုံရေးယူနေသော အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲကားတစ်စီ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article