23 C
Yangon

မန္တလေး ဘုရင်ဘီစကစ် စက်ရုံ ကို မင်းအောင်လှိုင် လိုက်ကြည့်ပြီး စီးပွားရေး သမားများနှင့်တွေ့၊ မြို့နေရာတိုင်း ၁ ရက်ကြိုတင် လုံခြုံရေးချကာ မိုင်းရှင်းလင်းရေးလုပ်၊ ရန်ကုန်စက်မှုဇုန်ခန်းမများတွင် စစ်တပ်များ တပ်စွဲထားမည်

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၈

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် မန္တ လေး စက်ရုံများသို့ လှည့်လည် ကြည့်ရှုမှုများ လုပ်ဆောင်နေပြီး ၎င်းသွားမည့် စက်ရုံများသို့ ၁ ရက်ကြိုတင် တပ်ချခြင်း၊ မိုင်းရှာခြင်းများ လုပ်ဆောင်ခြင်း၊ အလုပ်သမားများကို စစ်ဆေးခြင်းများ လုပ်ဆောင်ကြောင်း ဒေသခံများက ပြောသည်။

ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်တွင် မန္တလေး ၆၂ လမ်း ဘုရင်ဘီစကစ်စက်ရုံကို မင်းအောင်လှိုင်လာရောက်ပြီး ကင်းပုန်းများ၊ လမ်းပိတ်ဆို့ စစ်သားများ ချထားခြင်းများ ဆောင်ရွက်ကြောင်း၊ အလုပ်သမားများကိုလည်း အဝင် အထွက်များ စိစစ်ပြီး မိုင်းရှာခြင်းများ လည်းလုပ်ဆောင်ကြောင်း သိရှိရသည်။

“အခု မနက် ၉ နာရီလောက်မှာ မအလနဲ့အဖွဲ့က တွတ်ပီကွေ့ဘက်ကိုထွက်သွားပါတယ်။ မန္တလေးက စက်ရုံတွေ၊ လိုက်စစ်မယ်။ လုပ်ငန်းရှင်တွေနဲ့လည်း တွေ့မယ်ပြောတယ်။ မနက် ၈ နာရီခွဲလောက်မှာ ဘုရင်ဘီစကစ်စက်ရုံကို ဝင်သွားတယ်။ အဲဒီစက်ရုံမှာ မနေ့ကတည်းက တပ်စွဲပြီး မိုင်းရှင်းတာတွေ လုပ်တယ်။ သူသေမှာတော့ အတော်ကြောက်ပုံပဲ။ အနားမှာလည်း ကင်းပုန်းတွေ မနည်းမနောပဲ။ သူပြန်ထွက်သွားတောင် ၆၂ လမ်း ဘုရင့်နောင်လမ်းထောင့်က ဘုရင်ဘီစကစ်စက်ရုံမှာ စစ်သားဆယ်ယောက်လောက်ထိ ရှိနေပါသေးတယ်။ ၆၂ လမ်းတစ်လျှောက်လုံးကိုလဲ လုံခြုံရေးတေ တင်းကျပ်နေပါတယ်။ ကင်းပုန်းချထားတာတေလည်းများတယ်” ဟု စက်ရုံပိုင်ရှင်နှင့်အတူ ရှိနေသော စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

မင်းအောင်လှိုင် မန္တလေးမှ ပြန်မထွက်သည့်အချိန်အထိ မန္တလေးတွင် တပ်များ ချထားမည်ဖြစ်ကြောင်း သိရှိရသည်။

“၆၂ လမ်းပေါ် ဘုရင်ဘီစကစ်စက်ရုံကို ရဲဖက်.. စစ်ဖက်… မော်တော်ပီကယ် .. ဗိုလ်ကြီး တပ်ကြပ်တွေ ဗိုလ်မူးတွေ ကအစ ၆၂ လမ်းတစ်လျောက် နေရာတိုင်း ကင်းပုံးတွေကော အရပ်ဝတ် … ကွန်မန်ဒိုအထူးတပ်တွေပါ ချထားပါတယ်။ မအလက အခု ရောက်နေတော့ မြို့အဝင်အထွက် လုံခြုံတိုးထား လမ်းတိုင်လိုလို အင်အားချထားတယ်။ မန်းမှာ စီးပွားလုပ်ငန်းရှင်းတွေနဲ့တွေ့ မယ်။ မြို့ပေါ်မှာ ရဟတ်ယာဉ်လည်း ဝဲပျံတာရှိတယ်” မန္တလေးဒေသခံတစ်ဦးက ဆိုသည်။

ထို့ပြင် ရန်ကုန်စက်မှုဇုန်များရှိ ခန်းမများတွင် စစ်တပ်များ တပ်စွဲထားမည်ဟု စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီများကို အကြောင်းကြားလာကြောင်း ရန်ကုန်မှ လုပ်ငန်းရှင်တစ်ဦးက ပြောသည် ။

“ရန်ကုန် စက်မှုဇုန်တွေရဲ့ ကနောင်ခန်းမတွေမှာ စကစ တပ်တွေ နေရာယူဖို့ အတင်းအကျပ် စီစဥ်နေလို့ စက်မှုဇုန်ကော်မတီများ အခက်တွေ့နေကြပါတယ်။ စက်မှုဇုန်တွေက စက်ရုံအများစုကလည်း နီးရာ ဓါးက အရမ်းကြောက်နေရလို့ အလိုက်အထိုက် ဆက်ဆံနေကြရတာ ၊ စခတွေ စက်မှုဇုန်ထဲ လာတာကို မနှစ်သက်ကြဘူး။ စခတွေကလည်း ကြုံယင် ကြုံသလို အလှူခံတယ် ဆိုပီး တောင်းရမ်းကြတယ်” ဟု လုပ်ငန်းရှင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article